MNP ၊ နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် “အမျိုးသားနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အလယ်တန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ (၉)ဦးက လည်းကောင်း၊ အထက်တန်းအဆင့်တွင် ကျောင်းသား၊ ကျောင်းသူ (၈)ဦးကလည်းကောင်း၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost



No comments:
Post a Comment