ခန္တီးမြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာ(ကာလတို) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခန္တီးမြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာ(ကာလတို) သင်တန်းဖွင့်လှစ်

 



MNP - နိုဝင်ဘာ  ၁၅


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း၏ အစည်းအဝေးခန်းမတွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း နည်းပညာ (ကာလတို) သင်တန်းဖွင့်ပွဲအခမ်းအနား ကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။


အခမ်းအနားတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဥမ္မာဝင်းက ဒေသ အတွင်းရှိ လူငယ်၊ လူရွယ်တိုင်း နည်းပညာနှင့် သက်မွေးပညာရပ်များ လေ့လာသင်ယူနိုင်ရန်၊ အရည်အချင်း ပြည့်ဝသည့် နည်းပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း သစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


အဆိုပါ အခမ်းအနားသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၄-၁၁-၂၀၂၂)ရက်နေ့မှ (၂၈-၁၁-၂၀၂၂) ရက်နေ့အထိ သင်ကြားပို့ချမည်ဖြစ်ကာ သင်တန်းသား ၂၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)