ကျောက်တံခါးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့နယ်တွင် ရှေးဦးသူနာပြုစုနည်း(အခြေခံ)သင်တန်းဖွင့်လှစ်



MNP - နိုဝင်ဘာ   ၁၃


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မြို့ချောင်း)၌ ယမန်နေ့က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍  ရှေးဦးသူနာပြုစုနည်း (အခြေခံ)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံ‌ရှေးဦးသူနာပြုစုနည်းသင်တန်းကို ဆင်းရဲနွမ်းပါး သက်သာ‌စေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်စုမှူးများက ကျောင်းသား‌/ ကျောင်းသူ များအား စာတွေ့လက်တွေ့ဖြင့် သုံးရက်ကြာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။


အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းသို့ တက်ရောက်ထားသော ကျောင်းသား/ကျောင်းသူများ အနေဖြင့် မိမိတစ်ကိုယ်ရေကျန်းမာရေးနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူများအား ကျန်းမာရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အခြေခံရှေးဦးပြုစုနည်းဖြင့် ကူညီကယ်တင် စောင့်ရှောက်ပေးနိုင်မည်ဖြစ်ပြီး သင်တန်းသို့ ကြက်ခြေနီလုပ်ငန်းအား စိတ်ပါဝင်စားသူ ကျောင်းသား‌/ကျောင်းသူ (၅၀)ဦး တက်ရောက်ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)