နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံရရှိခဲ့မှုအပေါ် စီမံကိန်းကျေးရွာ၊ မြို့နယ်နှင့် အသင်းအဖွဲ့များကို စိစစ်ရွေးချယ်၍ စနစ်တကျထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံရရှိခဲ့မှုအပေါ် စီမံကိန်းကျေးရွာ၊ မြို့နယ်နှင့် အသင်းအဖွဲ့များကို စိစစ်ရွေးချယ်၍ စနစ်တကျထုတ်ချေးပေး



MNP - နိုဝင်ဘာ   ၁၅


နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေများ တောင်သူလက်ဝယ်ရောက်ရှိပြီး ပံပိုးချေးငွေများဖြင့် စီးပွားရေး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး ယနေ့နံနက် ၁၀ နာရီခန့်က နိုင်ငံ့စီးပွား မြှင့်တင်ရေးပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁၁/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁) ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံရရှိခဲ့မှုအပေါ် စီမံကိန်းကျေးရွာ၊ မြို့နယ်နှင့်အသင်းအဖွဲ့များကို စိစစ်ရွေးချယ်၍ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဆက်လက်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ထုတ်ချေးပြီးသည့်အပိုင်းကိုလည်း အကျိုးရှိရှိ အသုံးချမှု ရှိ/မရှိ စောင့်ကြည့်လေ့လာ အကဲဖြတ်ဖို့ လိုကြောင်း၊ နွေစပါး၊ ပဲတီစိမ်း၊ မြေပဲ၊ မတ်ပဲ၊ ကုလားပဲ၊ နေကြာ၊ နှမ်း၊ ပဲပုတ်၊ ကော်ဖီသီးနှံများကို တိုးချဲ့စိုက်ပျိုးလျှက်ရှိပြီး ယခုအစည်းအဝေးသို့ တက်ရောက်လာသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေး ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေ ထုတ်ချေးပြီးစီးသည့်အခြေအနေ၊ ထုတ်ချေးရန်ကျန်ရှိသည့် အခြေအနေနှင့် ဆက်လက် ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက် ချေးငွေထုတ်ချေးဆောင်ရွက်ပေးထားမှု အခြေအနေ၊ ပံ့ပိုးချေးငွေများဖြင့် တောင်သူများ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး များက သက်ဆိုင်ရာခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်း တင်ပြကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)