သာကေတမြို့နယ်၌ ဖွင့်လှစ်သည့် ဆောင်းရာသီအားကစားသင်တန်း၌ ကျောင်းသား၊ ကျောင်းသူ (၁၂၉)ဦး စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်၌ ဖွင့်လှစ်သည့် ဆောင်းရာသီအားကစားသင်တန်း၌ ကျောင်းသား၊ ကျောင်းသူ (၁၂၉)ဦး စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြား



MNP - နိုဝင်ဘာ   ၄


ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ဖွင့်လှစ်သည့် ဆောင်းရာသီ အားကစားအခြေခံသင်တန်း၌ တိုက်ကွမ်ဒိုအားကစားနည်းနှင့် ဘော်လီဘောအားကစားနည်းများကို ယနေ့နံနက်(၇:၀၀)နာရီ၌ ဆက်လက်သင်ကြားပေးလျက်ရှိသည်။


အဆိုပါဆောင်းရာသီ အားကစားအခြေခံသင်တန်း၌ တိုက်ကွမ်ဒို အားကစားနည်းကို နည်းပြဦးစိုးထွဋ်ဦးမှ ကစားပုံကစားနည်းအဆင့်ဆင့်ကို သင်ကြားပေးရာ ကျောင်းသား၊ ကျောင်းသူ(၁၈၀)ဦး တက်ရောက်သင်ကြားပြီး ဘော်လီဘောအားကစားနည်းကို နည်းပြမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခိုင်ဝေဝေနှင်းမှ ကစားပုံကစားနည်း အဆင့်ဆင့်ကိုသင်ကြားရာ ကျောင်းသား၊ ကျောင်းသူ(၄၉)ဦး စုစုပေါင်း(၁၂၉)ဦး စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက် ရှိကြသည်။


မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဆောင်းရာသီအားကစားသင်တန်းကို နိုဝင်ဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - ဆောင်းနှင်းဖြူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)