MNP ၊ နိုဝင်ဘာ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက်ဦးတည်အုပ်စုပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ စုရပ်များတွင် နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။
နိုဝင်ဘာလ(၈)ရက်နေ့က မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင်စတုတ္ထအကြိမ်မြောက် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး Myancopharm Booster Dosesကို (၃၄၆)ဦးက လည်းကောင်း၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး Sinovacကို (၇)ဦးတို့က လည်းကောင်း အသီးသီး လာရောက် ထိုးနှံခဲ့ကြကြောင်းသိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment