ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်



MNP - နိုဝင်ဘာ   ၁၁


၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယခင်နှစ်များ နည်းတူ စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လိုအပ်သောလုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပြည်နယ်နေ့ အခမ်းအနား မကျင်းပမီ ကော်မတီအလိုက် အချိန်ယူ၍ ဆောင်ရွက်ရမည့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ၊ နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာကဏ္ဍအလိုက် ထူးချွန်စွာဆောင်ရွက်ခဲ့သူများကို စီမံ၊ စီးပွား၊ လူမှုထူးချွန်ဆုများ ချီးမြှင့်ပေးရန်ရှိနေသဖြင့် တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင်များနှင့် ဖွဲ့စည်းတာဝန်ပေးအပ်မည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ များအနေဖြင့် စိတ်အားထက်သန်စွာဖြင့် ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။


ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို လျာထားဖွဲ့စည်းမှုအား ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများတွင် ဌာနဆိုင်ရာဝန်ထမ်းများ ထည့်သွင်းဖွဲ့စည်းနိုင်ရေးနှင့် လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)