အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်းများရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်းများရှိ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်






MNP ၊ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များမှ နောက်ဆုံး ဆဌမအကြိမ်မြောက် မှုလနေရပ်သို့ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၂၉)စု၊ လူဦးရေ (၁၀၃၂)ဦးအား နိုဝင် ဘာလ(၁၀)ရက်နေ့က ထောက်ပံ့ငွေနှင့်ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပြီး ယနေ့နံနက် (၉)အချိန်တွင် မိုးလုံလေလုံ အားက စားခန်းမစုရပ်မှ ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ အမ်းမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများ ပိတ်သိမ်းပြီးဖြစ်ကြောင်းသိရသည်။

  

အဆိုပါ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများအား ၎င်းတို့နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မော်တော် ယာဉ်များစီစဉ်ဆောင် ရွက်၍ ၎င်းတို့နေရပ် များသို့ ပြန်လည်ပို့ ဆောင်ပေးခဲ့သည်။ 

 ၎င်းတို့နေရပ်သို့ ပြန် လည်ပို့ဆောင်ရာ၌ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့ နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီပြောင်း ရွှေ့ဆောင်ရွက်ပေးလျက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့်တာဝန်ရှိသူများ၊ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်ဇော်ထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  အားပေးစကားပြောကြားခဲ့ကြသည်။

နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများမှာ အမ်းမြို့နယ် ဒါးလက်ကျေးရွာအုပ်စုအတွင်းရှိ ရွာဟောင်း၊ နှမ်းချောင်း၊ သင်္ဂနက်အိုင်၊မော်စွန်း၊ရှမ်းကုန်း၊မင်္ဂလာဒုံ၊အေးချောင်းကွမ်းဝ၊ဒါးလက်အနောက်ရွာ၊ညောင်ချောင်း၊ကံလက်၊မင်္ဂလာဦး၊ညောင်ပင်ကွင်း၊ဒါး လက်မြောက်ရွာ၊အမ်းပြ၊သဖန်းပင်၊ကွမ်းဝ၊ငုတ်ဝ၊အိုင်ဝိုင်း၊ယာပြင်ဝ၊ဒါးလက်အ လယ်ရွာ၊အရိုးတောင်၊ဒါးလက်အထက်ရွာ၊နန်းယာကုန်းကျေးရွာများနှင့် ကဇုကိုင်းကျေးရွာအုပ်စုအ တွင်းရှိ ကဇုကိုင်း၊အုန်းတည်ချောင်း စသည့်ကျေးရွာ(၂၅)ရွာများမှ ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)