အခြေခံပညာကျောင်းများသို့ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာကျောင်းများသို့ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

 


MNP - နိုဝင်ဘာ  ၁၈


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်းခရိုင် စားသုံးသူရေးရာ ဦးစီး ဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မူလွန်(အောင်သုခ)ကျောင်းနှင့် အလက(၃) ရွှေဟင်္သာကျောင်းတို့တွင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အသိပညာပေးဟောပြောမှုအစီအစဉ်တွင် ကျောင်းသားကျောင်းသူများအား ကောသောင်းခရိုင်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက  တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ၊ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့်အရသာ(၆)ပါး အကျိုးနှင့်အပြစ် ဖြစ် ပုံပြုပုံ အကြောင်း၊ အမျိုးသမီးများတွင် ဖြစ်ပွားတပ်သောရောဂါများနှင့် တိုင်းရင်းဆေးပညာ ဆက်စပ်ကုသပုံများအား ဗဟုသုတဖြစ်ဖွယ် အသိပညာပေးဟောပြောသည်။ ယင်းနောက် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူအခွင့် အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှူံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့် ဗဟု သုတဖြစ်ဖွယ်များကို အသိပညာပေး ဟောပြောခဲ့ကြပြီး ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီး အရာရှိ ဒေါ်မေဇင်ဦးက ငယ်ရွယ်သူကျောင်းသားလူငယ်များအကြား  စာဖတ်ခြင်းအလေ့အထ ရှင်သန်လာစေရန်နှင့် စာပေမှတဆင့်အသိဉာဏ်အမျှော်အမြင် ကြွယ်ဝလာကာ အမှားအမှန် ဝေဖန်ပိုင်းခြားတပ်လာခြင်း၊ စာဖတ်သူဦးရေတိုးပွားလာကာ ဗဟုသုတအကြားအမြင် ကျယ်ပြန့်လာ၍ အနာဂါတ်လူငယ်မျိုးဆက်သစ်များ အခြေခံပညာအား ဆည်းပူးရင်း ပြင်ပဗဟုသုတဖြစ် ဖွယ်များ လေ့လာသိရှိခွင့်ရကြစေရန်အတွက် စာပေဖတ်ရှုရန်တိုက်တွန်းအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)