နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မျှစ်အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် မျှစ်အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲသို့တက်ရောက်

 





MNP ၊ နိုဝင်ဘာ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (One Village One Product (OVOP))  လုပ်ငန်းဆောင်ရွက်နိုင်စေရန် မျှစ်အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ‌ဇေယျာသီရိမြို့နယ်၊ ဝန်ပြန်ကျေးရွာရှိ ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမ အသင်းရုံး၌ ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးကျော်သိန်းဆိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက မျှစ်အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဟာဆိုရင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်းစဉ်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်တယ်ဆိုတာကို သိရှိရပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေနဲ့ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်းများ ပေါ်ပေါက်လာရေးအတွက် အားထည့်ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်းများဟာဆိုရင် ပြည်တွင်းပြည်ပဈေးကွက် ရရှိရန်ရည်ရွယ်ပြီး ကျေးရွာဒေသအလိုက် ထုတ်ကုန်တစ်မျိုးကိုအထူးပြုပြီး ဒေသအမည်ဖြင့် ထုတ်လုပ်ဆောင်ရွက်ခြင်းဖြစ်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ အပါအဝင် ဂျပန်၊ ကိုရီးယား၊ တရုတ်ကဲ့သို့သော နိုင်ငံအတော်များများမှာလည်း ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုကိုတွေ့ရှိရပါကြောင်း၊ ဒါ့ကြောင့် ဒီဒေသကထွက်ရှိသည့်မျှစ်တွေကို ထပ်ဆင့်တန်ဖိုးမြှင့်ပြီး အသင့်စားမျှစ်အစားအစာများ ထုတ်လုပ်လာနိုင်မည်ဆိုရင်ဖြင့် မျှစ်နှင့်ပတ်သက်၍ ဒေသအမှတ်တံဆိပ်တစ်ခု ပေါ်ထွန်းလာမှာဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ဆိုသည့် ရည်ရွယ်ချက်အတိုင်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်မှုနဲ့အညီ နေပြည်တော်ကောင်စီအနေနဲ့လည်း ခေတ်မီစံပြကျေးရွာများ ထူထောင်နိုင်ဖို့ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ကျေးရွာတစ်ရွာထုတ်ကုန် တစ်ခု (OVOP)ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် MSME အသင်းဥက္ကဋ္ဌ ဦးအောင်မိုးခိုင်နှင့် Naraindara(မျှစ်ခြောက်လုပ်ငန်း)တို့မှ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသို့ အလှူငွေပေးအပ်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများက တက်ရောက်သည့် သင်တန်းသား/သူများအား တွေ့ဆုံနှုတ်ဆက်ပြီး မျှစ်ခြောက်လုပ်ငန်းရှင် ဒေါ်နန်းခင်အုန်းက ပြည်ပပို့ကုန် (မျှစ်ခြောက်လုပ်ငန်း) ဆောင်ရွက်နေမှုများနှင့် ဘမ်ဘူးဝါးကုန်ထုတ်သမဝါယမအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းက ဝါးလက်မှုပစ္စည်းများ ထုတ်လုပ်နေမှု အခြေအနေများ၊ ဝါးစိုက်ပျိုး ထုတ်လုပ်မှုအခြေအနေများအား ရှင်းလင်းပြသခဲ့သည်။


အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ်၊ တဲကုန်းကျေးရွာမှ သင်တန်းသား/သူ (၂၂) ဦး တက်ရောက်ခဲ့ပြီး နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြများက  မျှစ်သနပ်ပြုလုပ်နည်း၊ မျှစ်ဆီစိမ်ပြုလုပ်နည်း၊ မျှစ်သုပ်ပြုလုပ်နည်း၊ မျှစ်ခြောက်ပြုလုပ်နည်းနှင့် မျှစ်ထုတ်ပိုးခြင်းနည်းပညာများကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။


ထွန်းလင်း(ဇေယျာမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)