ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Woman Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Woman Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းပြုလုပ်


MNP ၊  နိုဝင်ဘာ  ၁၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အဖြစ် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က Woman Club အဖွဲ့ဝင်များနှင့်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌  ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်  ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု  စာအုပ်ဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။


ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။   ဆက်လက်ပြီး  ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုအတွေး၏အရေးပါမှု စာအုပ်မှ  လူမှုဆက်ဆံရေးအရည်အသွေး ခေါင်းစဉ်ဖြင့်  မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင်ဒေါ်ဝင်းလဲ့လဲ့ခိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်ဟေမာလင်း  တို့ကဖတ်ကြားကြသည်။


၎င်းဖတ်ကြားဆွေးနွေးမှုများအပေါ်တွင် Woman Club အဖွဲ့ဝင်များက အပြန်အလှန်ဝိုင်းဝန်းဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ်တွင်အားနည်း ချက်အားသာချက်များကို မြို့နယ်အမျိုးသမီးကော်မတီဥက္ကဌ ဒေါ်နန်းစောညွန့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်တို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)