သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဝန်ထမ်းများ နှင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ဝန်ထမ်းများ နှင့် စာဖတ်ဝိုင်းကျင်းပ

 


MNP ၊   နိုဝင်ဘာ ၁၀

 ရခိုင်ပြည်နယ်၊သံတွဲခရိုင် ၊ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဝန်ထမ်းများနှင့်စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်  မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် “ကြီးပွါးအောင်မြင် အောင်ပန်းဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက “အတိုးတက်ဆုံးလူ” ၊ ဒေါ်ခွန်းဆက်သင်း(အငယ်တန်းစာရေး)က “အစဉ်ရှင်သန်နေသောလူသားဖြစ်ရန်” ဦးနေမျိုးအောင်(ဓာတ်ပုံ-၂၊အင်အားပြ)က “ငါကြီးပွါးမဲ့လူလား” ဒေါ်အေးအေးဝင်း(ရုပ်/သံ-၃)က“ကိုယ်ခံအားကောင်းလျှင်” ခေါင်းစဉ်များဖြင့် အသီးသီးကြားဆွေးနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည်ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့်ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊စာဖတ်ဝိုင်းများ၊ဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)