မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်



MNP - နိုဝင်ဘာ ၁၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံလူငယ်များအား တိုးတက်လာသည့် နည်းပညာရပ်များကို လိုက်ပါဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်အတွင်း လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်ရေးတို့အတွက် မိုဘိုင်းဖုန်းဖြင့်  ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။


အခမ်းအနားတွင် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့် အမှာစကားပြောကြားတွင် “ ICT နည်းပညာခေတ်တွင် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို နည်းပညာများ အသုံးချ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာသည် ခေတ်ကို ဦးဆောင်လျက်ရှိကြောင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင် ဖွင့်လှစ်သော  မိုဘိုင်းဖုန်းဖြင့် ဗွီဒီယို တည်းဖြတ်ခြင်းသင်တန်းကို သင်တန်းသား/သူများက ကြိုစား သင်ယူစေလိုပါကြောင်း၊ သင်တန်းပြီး၍ လုပ်ငန်းခွင်တွင် ရောက်ရှိပါက အချင်းချင်း ပြန်လည်မျှဝေလိုကြောင်း” ပြောကြားသည်။


ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး) က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးရာတွင် မက်မန်းခရိုင် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လစဉ်သင်တန်းများကို ဖွင့်လှစ်လျက်ရှိပါ ကြောင်း၊ ယနေ့ဖွင့်လှစ်သော သင်တန်းသည် ဌာနဆိုင်ရာများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချ၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ပါကြောင်း၊ သင်တန်းသင်သူများအနေဖြင့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူ၍ မိမိတို့လုပ်ငန်းခွင် တိုးတက်အောင်ဆောင်ရွက်ကြရန်” ရှင်းလင်း ဆွေးနွေးသည်။


မိုဘိုင်းဖုန်းဖြင့် ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်းသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်မှ လူငယ်များ စုစုပေါင်း (၃၀)ဦးက စိတ်ပါဝင်စားစွာ တက်ရောက်လျက်ရှိပြီး သင်တန်းအား ယနေ့မှ (၁၇)နေ့ထိ (၃)ရက် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။


သတင်း - စောဥမ္မာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)