ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ "မိုဘိုင်းဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ "မိုဘိုင်းဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်

 


MNP - နိုဝင်ဘာ   ၁၉


ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်၊ရွှေတောင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centerခန်းမ၌ ယမန်နေ့နံနက်ပိုင်းက "မိုဘိုင်းဖုန်း ဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်ရာ ရွှေတောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သတင်းလုပ်ငန်းဆောင်ရွက်သည့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။


အဆိုပါသင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က " ဒေသတွင်း သတင်းလုပ်ငန်းများ စီးဆင်းမှု မှန်ကန် မြန်ဆန်ရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အရည်အသွေးရှိသော သတင်းဗီဒီယိုများ၊ မှတ်တမ်းများ  အချိန်မီပေးပို့တင်ပြနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း" ပြောကြားခဲ့သည်။


ထို့နောက် သင်တန်းတွင် မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ်နည်းအဆင့်ဆင့်နှင့် အရုပ်ဖိုင်၊ အသံဖိုင်၊ ဗီဒီယိုဖိုင်များအား Software အသုံးပြု၍ ကိုယ်ပိုင်တီထွင်ကြံဆ လက်တွေ့ပြုလုပ် နည်းတို့ကို ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် ဓာတ်ပုံကျွမ်းကျင်(၂) ဦးကိုကိုမင်းတို့က မျှဝေဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ဌာနဆိုင်ရာများမှ သင်တန်းသားသင်တန်းသူ (၁၅)ဦးက ထပ်မံသိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး ဗီဒီယိုဖိုင်များကို လက်တွေ့ လေ့ကျင့်ပြု လုပ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


သတင်း - ကိုကိုမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)