ဟုမ္မလင်း၌ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကော်မတီအစည်းအဝေးနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် (Contract Farming) ရှင်းလင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟုမ္မလင်း၌ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကော်မတီအစည်းအဝေးနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် (Contract Farming) ရှင်းလင်းဆွေးနွေး

 


MNP - နိုဝင်ဘာ  ၁၁


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော မြို့နယ်စိုက်ပျိုးရေး မွေးမြူရေးကော်မတီအစည်းအဝေးနှင့် အကျိုးတူ ကန်ထရိုက် လယ်ယာစနစ် (Contract Farming) နှင့် ပတ်သတ်၍ ရှင်းလင်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်က အဖွင့်အမှာစကားပြောပြီး၊ စိုက်ပျိုးမွေးမြူရေးကော်မတီ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုထွေးက လယ်ယာကဏ္ဍ လုပ်ငန်းဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြခဲ့သည်။


ဆက်လက်၍ ဒု/လက်ထောက်ဦးစီးမှူး ဒေါ်နှင်းသက်ဌေးက Powerpoint ဖြင့် အကျိုတူ ကန်ထရိုက်လယ်ယာစနစ် (Contract Farming)နှင့် ပတ်သတ်၍ လည်ကောင်း၊ ဒု/လက်ထောက်ဦးစီးမှူး ဒေါ်နွယ်နွယ်စိန်က Powerpoint ဖြင့် ကောယားကျေးရွာအုပ်စု၊ တုံလံကျေးရွာ၏ ကျေးရွာသယံဇာတမြေ ပုံနှင့် ရာသီခွင်ပြက္ခဒိန် ရေးဆွဲဆောင်ရွက်ထားရှိမှု တို့အား တင်ပြဆွေးနွေးခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသော စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ ကော်မတီဝင်များနှင့် လယ်ယာကဏ္ဍ မိတ်ဖက်ဌာနဆိုင်ရာများက ဟုမ္မလင်းမြို့နယ်တွင် စိုက်ပျိုးမွေးမြူသူ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် အကြုံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - လင်းလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)