Global TownHall မှာ အရှက်ကွဲခဲ့ရသည့် NUG - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Global TownHall မှာ အရှက်ကွဲခဲ့ရသည့် NUG



NUG အကြမ်းဖက်အဖွဲ့က အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး မဇင်မာအောင် ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၄)ရက်နေ့က သူမရဲ့ facebook စာမျက်နှာကနေ Global Townhall 2022 မှာ အမှာစကားပြောကြားသွားပါမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ထူးခြားတာက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ယူစဉ်က ခိုးဝင်ဘင်္ဂလီအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ရည်ရွယ်ချက်ရှိရှိ ယုတ်မာခဲ့တဲ့ ဘန်ကီးမွန်းလည်း တက်ရောက်မယ့် အခမ်းအနား ဖြစ်နေပါတယ်။


တိုင်းပြည်ကိုကိုယ်စားမပြုဘဲ ပြည်ပြေး အကြမ်းဖက်အဖွဲ့အနေနဲ့ ရပ်တည်နေသူတွေကို နိုင်ငံတကာမျက်နှာစာမှာ လူရာသွင်းနေတယ်ဆိုတော့လည်း ဘာများ ထူးခြားမလဲလို့ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပါတယ်။ Global Townhall 2022 ကို NUG အကြမ်းဖက်အဖွဲ့က မဇင်မာအောင် အပြင် မောင်မိုးဇော်ဦး ကိုလည်း တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားသတဲ့ဗျာ။


ဒီလိုအခမ်းအနားတွေ တက်ခွင့်ရရင် နိုင်ငံတကာရဲ့ အသိအမှတ်ပြု ခံရတဲ့ အစိုးရလို့ ကြွးလုံးထုတ်လိုတဲ့ NUG အကြမ်းဖက်အဖွဲ့ဟာ Global Townhall အခမ်းအနားမှာတော့ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရပါတယ်။ 


ဖြစ်ပုံက အခမ်းအနားကို တက်ရောက်ဖို့ မောင်မိုးဇော်ဦး က သွားရောက်ခဲ့ပါတယ်။ နိုင်ငံရေးဝန်ကြီးလို့ ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ မဇင်မာအောင် က အခမ်းအနားအတွက် အမှာစကားကို ရုပ်သံရိုက်ကူးပြီး ပေးပို့ထားပါသတဲ့ဗျာ။ 

အခမ်းအနားတက်ဖို့ သွားရောက်ခဲ့တဲ့ မောင်မိုးဇော်ဦး ခမျာ အခမ်းအနားထဲမှာ ဆွေးနွေးခွင့် မရဘဲ သီးခြားအခန်းတစ်ခုမှ ထိုင်ခိုင်းထားခြင်း ခံရပါသတဲ့။ ဟိတ်တလုံး ဟန်တလုံး ကြွားလုံးထုတ် ပြောကြားချက်တွေ နဲ့ ပေးပို့ထားတဲ့ ရုပ်သံကိုလည်း ထုတ်လွှင့် ပြသပေးခြင်း မရှိခဲ့ပါဘူး။ မောင်မိုးဇော်ဦး ခမျာမှာ အခမ်းအနားတက်ဖို့ သွားခဲ့ရာမှာ အခမ်းအနားအတွင်း ဝင်ခွင့်မရဘဲ သီးခြားအခန်းမှာ ထားခြင်းခံရပြီး ပြန်လာရတဲ့အခြေအနေကို မီဒီယာကနေ အလုံးစုံ ပြောပါတော့တယ်။


Global Townhall အခမ်းအနား စီစဉ်သူတွေဟာ ကုလသမဂ္ဂနဲ့ ဆက်စပ်နေပြီး ကုလသမဂ္ဂ (UN) က ခွင့်မပြုလို့ တက်ရောက်ခွင့် မပေးခြင်းဖြစ်ကြောင်း ပြောပါသတဲ့ဗျာ။ 


NUG အကြမ်းဖက်အဖွဲ့ကိုယ်စားပြု ကျော်မိုးထွန်း ကို ကုလသမဂ္ဂကနေ မဖယ်ရှားသေးတာကို အဟုတ်ကြီးထင်ပြီး NUG ကို နိုင်ငံတကာက အသိအမှတ်ပြုတယ်လို့ ကြွားလုံးထုတ်နေတဲ့ ပြည်ပြေး ဝရမ်းပြေးတွေ ဒီတချီတော့ သောက်ရှက်ဗြန်းဗြန်း ကွဲခဲ့ရပါပြီဗျာ။ 


ကုလသမဂ္ဂ (UN) က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အစဉ်သဖြင့် ဖိအားပေးပြောဆိုမှုတွေ လုပ်နေတာကို အဟုတ်ကြီးထင် စိတ်ကြီးဝင်ပြီး သူတို့ကိုယ်သူတို့ တရားဝင် အစိုးရလို့လည်း ပြောရဲ့။ တရားဝင် အစိုးရဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတို့ရဲ့ နေ့စဉ်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမှာမဟုတ်လား။ NUG က သူတို့ကိုယ် သူတို့ တရားဝင်အစိုးရလို့လည်း ပြောရဲ့။ သူတို့ရဲ့ လက်ကိုင်တုတ် PDF အကြမ်းဖက်အဖွဲ့ကို လက်နက်၊ ငွေကြေး ထောက်ပံ့ပေးပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း များစွာကို လုပ်ကြံသတ်ဖြတ်မှုတွေလည်း ကျူးလွန်နေလေရဲ့။ NUG ဆိုတာ အစိုးရဆိုရင် ပြည်သူတွေအပေါ် ယုတ်မာရိုင်းစိုင်းလွန်းတဲ့ အစိုးရလို့ ဆိုရမှာပေါ့ဗျာ။


အာဏာရမ္မက်ထနေတဲ့ NUG ပြည်ပြေး အကြမ်းဖက် အုပ်စုကတော့ သူတို့ရဲ့ အာဏာရမ္မက်ထမှုကို ခုချိန်ထိ ဘရိတ်မအုပ်နိုင်သေးပါဘူး။ သူတို့ကို ဘယ်သူတွေက အသိအမှတ်ပြုသလဲဆိုတော့ သူတို့ကို လက်ကိုင်တုတ်အနေနဲ့ အသုံးချလို့တဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ လူမျိုးလိမ်အရေး ကြိုးပမ်းနေတဲ့ အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံတချို့က တရားမဝင်မှန်း သိသိနဲ့ အသိအမှတ်ပြုပေးနေကြတာပေါ့ဗျာ။ 


တရားဝင်အစိုးရဆိုရင် အာဆီယံအသိုက်အဝန်းဟာ အနီးစပ်ဆုံး နိုင်ငံတကာအဖွဲ့အစည်းပါပဲ။ အာဆီယံအစည်းအဝေးတွေမှာ NUG ကို တက်ရောက်ခွင့်ပြုခဲ့တာ ရှိပါသလား။ အာဆီယံအသိုက်အဝန်းအတွင်းမှာ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး ဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အဆင့် ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ NUG အကြမ်းဖက်အဖွဲ့က နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ဆွေးနွေးခွင့် ရခဲ့တာ ရှိပါသလား။ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ NUG အကြမ်းဖက်အဖွဲ့ ကာကွယ်ရေးဝန်ကြီး ဆိုသူ ရည်မွန် တက်ရောက်ဆွေးနွေးခွင့် ရခဲ့ပါသလား။ ကျန်းမာရေးဆိုင် ဆွေးနွေးပွဲတွေမှာ NUG အကြမ်းဖက်အဖွဲ့က ကျန်းမာရေးဝန်ကြီး ဆိုသူ ဇော်ဝေစိုး ကို တက်ရောက်ဆွေးနွေးခွင့် ပေးခဲ့ပါသလား။


အနောက်အုပ်စုက စီစဉ်ကျင်းပတဲ့ လူရာမဝင်တဲ့ အခမ်းအနားတချို့မှာ ဝင်ထိုင်ခွင့်ရတာကိုပဲ အဟုတ်ကြီးထင်ပြီး မျောက်ကားကြီးတွေ ဖြစ်နေကြသူတွေ Global Townhall မှာ အရှက်တကွဲဖြစ်ခဲ့ရတော့ ကုလသမဂ္ဂ (UN) ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ အသံတွေ ထွက်လာခဲ့ပါတယ်။


မဇင်မာအောင် က Global Townhall မှာ အပီအပြင် ပြောကြားဖို့ ပြင်ဆင်ထားပြီးသားဗျ။ သူရဲ့ ပြောခွင့်မရလိုက်တဲ့ အမှာစာကိုလည်း သူမရဲ့ facebook စာမျက်နှာမှာ ထပ်တင်ထားပါသေးတယ်။ 


မဇင်မအောင် ပြောဖို့စီစဉ်ထားတဲ့ အမှာစာကို ဖတ်ကြည့်လိုက်တော့ ကျွန်မတို့တိုင်းပြည်ရဲ့ အခြေခံခြားနေမှုတွေကတော့ ဒီမိုကရေစီနဲ့ အကြမ်းဖက်မှုကြား၊ ဖွံ့ဖြိုးတိုး တက်မှုနဲ့ သေနတ်အားကိုး အာဏာအခြေပြုအုပ်ချုပ်လိုစိတ်တွေကြားမှာပဲဖြစ်ပါတယ်။ အပြိုင်အဆိုင်ကွဲလွဲမှုများပိုမိုကြီးထွားလာနေတဲ့ ကမ္ဘာ့အရေးအရာများရဲ့လက်ရှိတူရူချက်မှာ မြန်မာနိုင်ငံလိုနိုင်ငံငယ်လေးတွေရဲ့ ဒီမိုကရေစီ၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုတွေဟာ ဖုန်မှုန့်လေးတွေလိုမှေးမှိန်ပျောက်ကွယ်သွားမယ့်အရေးဟာအလွန်ပဲစိုး ရိမ် စရာကောင်းလာပါတယ်။ တကယ်တော့၊ ၁၉၉၀ ပြည့်လွန်နှစ်များဆီက စစ်အေးကာလအတွင်းမှာ စူပါပါဝါနိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှုအောက်မှာ ကျွန်မတို့ရဲ့ ဒီမိုကရေစီတိုက်ပွဲဟာအားနည်းချိနဲ့ ခဲ့ရပါ တယ်။ ယခုတဖန် အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွေ အတွက် ရွေးကောက်ပွဲတွေနဲ့ ဒီမိုကရေစီကိုအကောင်အထည်ဖော်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ကြပေမယ့် လည်း ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အရပ်သား အစိုးရခေါင်းဆောင်တွေဟာစစ်အာဏာ ရှင်တို့ရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကိုရင်ဆိုင်နေကြရပြန်ပါတယ်။ မလိုလားအပ်တဲ့ တရားမဝင် အာဏာသိမ်းမှုတွေ၊ လေကြောင်းကနေထိုးစစ်ဆင်တိုက်ခိုက်မှုတွေ၊ အမြောက်နဲ့ အဆက်မပြတ်ပစ်ခတ်တာတွေ၊ စာသင်ကျောင်းတွေကိုဗုံးခွဲတာတွေ၊ ဆရာတွေကိုခေါင်း ဖြတ်သတ်တာ၊ တက်ကြွလှုပ်ရှားသူတွေကို ကြိုးဆွဲချသတ်ဖြတ်တာတွေစတဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေဟာ ကျွန်မတို့နိုင်ငံမှာ နေ့စဉ်ထိတ်လန့်ဖွယ်တွေ့ကြုံနေကြရတာပဲဖြစ်ပါတယ်။" လို့ ပြောဖို့ စီစဉ်ထားတာကို တွေ့ရပါတယ်။


NUG က မဇင်မာအောင် ဟာ မိမိတို့ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေကို တပ်မတော်က ကျူးလွန်နေသယောင် ပုံမှားရိုက် ပြောဆိုဖို့ စီစဉ်ထားတာကို တွေ့လိုက်ရပါတယ်။ စာသင်ကျောင်းတွေကိုဗုံးခွဲတာတွေ၊ ဆရာတွေကိုခေါင်း ဖြတ်သတ်တာတွေကို ဘယ်သူတွေက ကျူးလွန်နေသလဲဆိုတာ ပြည်သူအားလုံး သိပါတယ်။ NUG ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေက ဒရုန်းတွေအသုံးပြုပြီး စာသင်ကျောင်းတွေကို နေ့စဉ် ရက်ဆက် ဗုံးခွဲတိုက်ခိုက်တာတွေ ကျူးလွန်ခဲ့ကြတယ်။ မိမိတို့ရဲ့ နေ့စဉ်လူမှုစီးဘဝ အတွက် ရုန်းကန် လှုပ်ရှားနေတဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နည်း မျိုးစုံနဲ့ သတ်ဖြတ်ခဲ့ကြတယ်။


မဇင်မာအောင် က ဒီအချိန်မှာ မိမိတို့ ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေကို တပ်မတော်က ကျူးလွန်နေသယောင် ဖန်တီးပြောဆိုဖို့ ကြိုးစားထားပေမယ့် ပြောခွင့် မရလိုက်ဘူး။ ဘာကြောင့် ပြောခွင့် မရတာလဲဆိုရင်တော့ လုပ်ကြံဖန်တီး ပြောဆိုမှုက သိသာထင်ရှားလွန်းနေလို့ပဲ ဖြစ်ပါတယ်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့တဲ့ တပ်မတော်က ကျောင်းတွေဖွင့်နိုင်ဖို့ စတင်ဆောင်ရွက်ပါပြီး ဆိုကတည်းက မဇင်မာအောင်တို့ ဦးဆောင်တဲ့ NUG က ကျောင်းတွေ ဖွင့်ခွင့်မရအောင် နည်းမျိုးစုံနဲ့ အဖျက်အမှောင့်တွေ လုပ်ခဲ့တာ ပြည်သူတစ်ရပ်လုံး သိပါတယ်။ ခင်ဗျားတို့ရဲ့ လော်ဘီတွေက ကျောင်းထားမယ့် ကျောင်းသား မိဘတွေကို ခြိမ်းခြောက်ခဲ့တာ မှတ်မိအုံးမယ်ထင်ပါတယ်။ "ခင်ဗျားတို့ ကလေးတွေ ခြေပြတ်လက်ပြတ်ဖြစ်ချင်ရင် ကျောင်းသွားထား၊ အခက်မသင့်ရင် အသက်ပါသွားမယ်လို့ ခြိမ်းခြောက်ခဲ့တာ မျိုးရန်နောင်သိန်း ဆိုတာ ခင်ဗျားနဲ့ သက်တူရွယ်တူလောက် ဖြစ်မယ် ထင်ပါတယ်။


ကိုယ့်ကိုယ်ကို အစိုးရအဖြစ်လည်း ရပ်တည်ချင်တယ်။ ကိုယ်ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေကို သူများက ကျူးလွန်နေသယောင် လုပ်ကြံဖန်တီး ပြောဆိုချင်တယ်။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝကို အတိဒုက္ခရောက်အောင်လည်း နည်းမျိုးစုံနဲ့ လုပ်ဆောင်နေသေးတယ်။ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီးပြီ။

ကမ္ဘာကြီးက လိမ်ညာဖန်တီး လုပ်ကြံမှုတွေကို ခဏတာပဲ လက်ခံပါလိမ့်မယ်။ ကမ္ဘာကြီးကို မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုပြီး မိမိတို့အဖွဲ့အစည်း ရပ်တည်နိုင်ရေး ကြိုးပမ်းမှုဟာလည်း ခဏတာပဲ အောင်မြင်ပါလိမ့်မယ်။ လုပ်ကြံဖန်တီး ပြောဆိုဖို့ စီစဉ်ထားတဲ့ အစီအစဉ်မှာ ပြောခွင့်မရလိုက်တာကို အကောင်းဆုံး သင်ခန်းစာ ယူသင့်ပါတယ်။ ရှေ့ဆက်ပြီး ကမ္ဘာကြီးကို လိမ်ညာဝါဒဖြန့်နေလို့လည်း ဘာမှ ထူးခြားမှု ရလာမှာ မဟုတ်ပါဘူး။


အကောင်းဆုံး အကြံပြုလိုတာကတော့ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို မဲလိမ်မဲခိုးပြီး ရယူဖို့ ကြိုးပမ်းခဲ့တာကလည်း မအောင်မြင်ဘူး။ ဆူပူအကြမ်းဖက် နည်းနဲ့ ရယူဖို့ ကြိုးပမ်းခဲ့တဲ့ နည်းလမ်းဟာလည်း အလုပ်မဖြစ်ခဲ့ဘူး။ တိုင်းရင်းသား ပြည်သူများအပေါ် ကောင်းကျိုးမပြုတဲ့ အဖွဲ့အစည်းသည် တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရနိုင်ဘူးဆိုတာကို သဘောပေါက် နားလည်သင့်ပါတယ်။ မသမာတဲ့နည်းလမ်းတွေနဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရယူဖို့ ဘယ်လိုပင် ကြိုးပမ်းစေကာမူ မအောင်မြင်ခဲ့တာကို သင်ခန်းစာယူပြီး မိမိတို့ တတ်နိုင်တဲ့ နေရာကနေ ပြည်သူတွေ ကောင်းကျိုးဖြစ်မယ့် လုပ်ရပ်တွေ လုပ်ဆောင်ပါ။


လုပ်သင့်တာက တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို အဆိုးဆုံးအခြေအနေအထိ လုပ်ခဲ့ကြပြီးဖြစ်တာကို ပြန်လည် ဆင်ခြင်သုံးသပ်ပြီး မိမိတို့ ရောက်ရာအရပ်မှာ ရတဲ့အလုပ်ကို အေးအေးဆေးဆေးလုပ်။ မိမိတို့ရဲ့ မိသားစုဘဝတွေ ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါ။ တိုင်းရင်းသားပြည်သူတွေအတွက် ကောင်းကျိုးဖြစ်စေမယ့် အလုပ်တွေကို မိမိလုပ်နိုင်စွမ်းရှိသလောက် လုပ်ဆောင်ပါ။ ခင်ဗျားတို့အပေါ်ကို ပြည်သူတွေ ဦးညွှတ်လာပါလိမ့်မယ်။

အခုလို ဆူပူအကြမ်းဖက် စာသင်ကျောင်းတွေကို ဖျက်ဆီး၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို နည်းမျိုးစုံနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေသ၍တော့ ခင်ဗျားတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ လိုက်လေ ဝေးလေ ဖြစ်နေအုံးမှာပဲ ဆိုတာကို သတိပြုမိကြစေချင်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)