တနင်္သာရီတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-10,11 (သင်ရိုးသစ်) သင်ထောက်ကူ ပစ္စည်းများ လက်တွေ့ အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-10,11 (သင်ရိုးသစ်) သင်ထောက်ကူ ပစ္စည်းများ လက်တွေ့ အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းအခမ်းအနား ကျင်းပ



MNP - နိုဝင်ဘာ  ၁၃


တနင်္သာရီတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-10,11 (သင်ရိုးသစ်) သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင်      တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အခြေခံပညာ အထက်တန်းဆင့် ဘာသာရပ်သင် ဆရာ၊ ဆရာမများအနေဖြင့် သင်ထောက်ကူ ပစ္စည်းများ လက်တွေ့ အသုံးချသင်ကြားနိုင်ရန်နှင့် ဆရာ၊ ဆရာမများရဲ့သင်ကြားမှု အရည်အသွေးများကို မြှင့်တင်ပေးနိုင်ရန်စသည့်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ် ရခြင်းဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သော သင်တန်းသည် အခြေခံပညာကဏ္ဍလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော  အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ကြမည့် ကျောင်းသား/ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိများ တိုးတက်မြင့်မားရေးအတွက် အဓိကအခန်း ကဏ္ဍတွင် ပါဝင်နေသူများသည် ဆရာ/ဆရာမဖြစ်ကြောင်း၊ ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုရမည့် ကျောင်းသား၊ ကျောင်းသူ များကို အနာဂတ်တွင် ပညာစွမ်း၊ သတ္တိစွမ်း၊ စိတ်ဓာတ်စွမ်းတို့ဖြင့် ဘဝခရီးကို ရင်ဆိုင်ကျော်လွှားနိုင်အောင် လေ့ကျင့်သင်ကြား ပေးကြရမှာ ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်အတွက် အလွန်တရာ အကျိုးများစေမှာဖြစ်သောကြောင့် သင်တန်းက ပို့ချပေးသော ပညာဗဟုသုတအတွေ့အကြုံများကို အပြည့်အဝရရှိအောင် ကြိုးစားလေ့လာ သင်ယူသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် သင်တန်းနည်းပြ ဆရာ/မများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


သင်တန်းတွင် ထားဝယ်တက္ကသိုလ်မှ ပါမောက္ခဆရာကြီး ဆရာမကြီးများက တိုင်းဒေသကြီးအတွင်းမှ အခြေခံပညာ အထက်တန်းဆင့် ဓာတုဗေဒဘာသာရပ်သင် ဆရာ/ဆရာမ (၁၇၂)ဦးအား နိုဝင်ဘာ ၁၃ ရက်နေ့သင်ကြား ပို့ချပေးသွားမှာဖြစ် ပြီးအခြေခံပညာ အထက်တန်းဆင့် ရူပဗေဒဘာသာရပ်သင် ဆရာ/ဆရာမ (၁၅၉)ဦးကို နိုဝင်ဘာ ၁၉  ရက် နှင့် ၂၀ ရက်နေ့တွင် လည်းကောင်း၊ အခြေခံပညာအထက်တန်းဆင့် ဓာတုဗေဒ ဘာသာရပ်သင် ဆရာ/ဆရာမ (၈၀)ဦးအား နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင်လည်းကောင်း သင်ကြားပြသပို့ချပေးသွားမှာ ဖြစ်ကြောင်း သတင်းရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)