MNP ၊ နိုဝင်ဘာ ၂၂
မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Joint Working Group – JWG)၏ (၆)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ၍ ယနေ့နေ့လည် ၁ နာရီအချိန်က Virtual Conference စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ မဲခေါင်-လန်ချန်း ဆင်းရဲမှုလျော့ချရေးဆိုင်ရာ Focal Department ဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီယားနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ဆင်းရဲမှုလျော့ချရေးဆိုင်ရာ Focal Department ဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အတွေ့ အကြုံများမျှဝေဖလှယ်ခြင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဆင်းရဲမှုလျော့ချရေးကဏ္ဍ (၅)နှစ်စီမံချက် (၂၀၁၈-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ၂၀၂၃-၂၀၂၇ စီမံချက်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment