MNP - နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် MSMEs ထုတ်ကုန်ပစ္စည်းတစ်မျိုး ရွေးချယ်ပြသနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်တို့နှင့် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ တွေ့ဆုံစီမံဆောင်ရွက်ခဲ့သည်။
သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ MSMEs ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ထုတ်ကုန်ပစ္စည်း(၁)မျိုး ရွေးချယ်ပြသနိုင်ရေး အတွက် စည်ပင်သာယာရေး၊ စီမံကိန်း၊ စိုက်ပျိုးရေး၊ သစ်တော၊ စားသုံးသူရေးရာဌာန တာဝန်ရှိသူများနှင့် ဆန်ထွက်ပစ္စည်း၊ သစ်တောထွက် ဝါးထွက်ပစ္စည်း၊ “ရွှေချိန်ခွင်” ဖိနပ်လုပ်ငန်း၊ မု့န်လုပ်ငန်း (ဘုရင်မ)တို့နှင့် တွေ့ဆုံဆွေးနွေးပြီး ထုတ်ကုန်ပစ္စည်းများ ပြသနိုင်ရေး ကြိုတင်စီမံဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment