ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်




MNP - နိုဝင်ဘာ   ၁၁


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများ ပြည်သူများအား Oline မှတစ်ဆင့် ပြည်သူ့အသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီ အချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးဝင်းက အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ကျားမ လူမှုရေးရာ အကြမ်းဖက်မှုနှင့် အကြမ်းဖက်အုပ်စုအမျိုးအစားများ၊ အမျိုးသမီးများအား ကျားမအခြေပြု အကြမ်းဖက်မှုဆိုင်ရာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စီးပွားရေးဆိုင်ရာ၊ ဆက်သွယ်ရေး နည်းပညာအသုံးပြု၍ အကြမ်းဖက်မှုများ၊  အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ အပါအဝင် ဆောင်ရွက်ပေးမှုများ၊ လိင်ကွဲပြားမှုကို အခြေခံ၍ အမျိုးသမီးများအား ခွဲခြားဖိနှိပ်မှု မပြုရေး၊ အမျိုးသမီးများအား ကူးသန်းရောင်းဝယ်ခြင်း၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်းများမှ တားဆီးရေး၊ အမျိုးသမီးများ အကြမ်းဖက်မှု ခံရပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ တရားရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် အခြားသော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းစသည့် အမျိုးသမီးများ အကြမ်းဖက်မှုအပေါ် တားဆီးကာကွယ်ရေးနှင့် ပတ်သက်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)