Pages

Pages

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်



MNP ၊  နိုဝင်ဘာ   ၁၁   

ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၁ဝ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk  Show) ဆွေးနွေးပွဲ ပြုလုပ်ကြသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဝန်ထမ်းဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုးက  ကလေးအလုပ်သမားများ ဉပဒေ၊ အသက်အရွယ်အပိုင်းအခြားအလိုက်သတ်မှတ်ထားသည့် ကလေးအလုပ်သမားများ ဉပဒေ၊ ကလေးအလုပ်သမားများ နှင့်ပတ်သက်၍ ဉပဒေအရ အကာအကွယ်၊ ကလေးသူငယ်များကို အလုပ်ခိုင်စေခြင်းနှင့်ပတ်သက်၍ ပြစ်ဒဏ်များစသည့်အကြောင်း အရာများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးပြောကြားသည်။


ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း နှင့် အသိပညာပေး (Talk Show) အစီအစဉ်များရိုက်ကူးကာ ပေါက်တောမြို့နယ် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment