MNP - ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းသေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပုသိမ်-ချောင်းသာ-ရွှေသောင်ယံ တာဝေးစက်ဘီးပြိုင်ပွဲမှ ပြိုင်ပွဲဝင်များသည် ယနေ့နံနက် ၈ နာရီအချိန်ခန့်က ချောင်းသာမြို့သို့ ရောက်ရှိခဲ့ပြီး ချောင်းသာ-ရွှေသောင်ယံလမ်းမှ ရွှေသောင်ယံမြို့သို့ ဆက်လက်ထွက်ခွါခဲ့ကြောင်း သိရသည်။
တာဝေးစက်ဘီးပြိုင်ပွဲသည် မောင်းတိန်းနှင့် ပြိုင်ဘီး အသင်းလိုက် ဖိတ်ခေါ်ပြိုင်ပွဲဖြစ်ပြီး ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့မှ နံနက်(၆) နာရီအချိန်က တာလွှတ်ယှဉ်ပြိုင်လာခဲ့ခြင်းဖြစ်ပြီး ရွှေသောင်ယံမြို့ Sea & Lake Garden သို့ ပန်းဝင်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဧရာဝတီတိုင်းသေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပုသိမ်-ချောင်းသာ-ရွှေသောင်ယံ တာဝေးစက်ဘီးပြိုင်ပွဲမှ ဆုရရှိသူများကို ရွှေသောင်ယံမြို့ Sea & Lake Garden တွင် ဆုပေးပွဲအခမ်းအနားကျင်းပ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPos
No comments:
Post a Comment