MNP - ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို အမျိုးသားအလွတ်တန်း စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျွန်းလှမြို့၊ ရွှေကျွန်းမြေ အားကစားခန်းမ၌ စတင်ကျင်းပကြောင်း သိရသည်။ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၌ တစ်ဦးချင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး နှစ်ယောက်တွဲပြိုင်ပွဲကိုလည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ စစ်တုဘုရင်၊ Myanmar Fitness Dance နှင့် ပြေးခုန်ပစ်ပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost
No comments:
Post a Comment