၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် လို့ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်ဟာ ဒီမိုကရေစီနိုင်ငံအဖြစ်လျှောက်လှမ်းဖို့ စတင်ပြီဆိုကတည်းက ပြည်သူတွေရဲ့အခန်းကဏ္ဍကို အလေးထားပြဆိုထားတဲ့အချက်ပဲ ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ ပြည်သူအများစုသည် နိုင်ငံရေးကို အလေးမထားနိုင်ဘူး။ နိုင်ငံရေးမှာ မိမိတို့ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိ အရေးပါသလဲဆိုတာကိုလည်း မသိကြပါဘူး။ အစိုးရအဖွဲ့ဆိုတာ ပြည်သူတွေရဲ့ ကိုယ်စား တိုင်းရေးပြည်ရာကို စီမံသူများသာ ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ ကိုယ်စားတိုင်းရေးပြည်ရာကို စီမံခန့်ခွဲဖို့ တာဝန်ပေးအပ်ထားတဲ့ အဖွဲ့အစည်းကို အစိုးရလို့ သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။ အစိုးရအနေနဲ့ တိုင်းပြည်ကို စီမံအုပ်ချုပ်ရာမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေနဲ့အညီ စီမံဆောင်ရွက်နိုင်ဖို့ ဥပဒေများဟာလည်း အသင့်ရှိနှင့်ပြီး ဖြစ်သလို ကာလဒေသအခြေအနေအရ လိုအပ်တဲ့ ဥပဒေတွေကိုလည်း ပြဋ္ဌာန်းရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည်ကို စီမံအုပ်ချုပ်တဲ့အဖွဲ့အစည်း (အစိုးရ) အပြောင်းအလဲဟာ ၅နှစ်တစ်ကြိမ် ဖြစ်နေမှာပဲ ဖြစ်ပါတယ်။ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာရခြင်းအကြောင်းကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နဲ့အညီ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး တိုင်းပြည်ကို မူလအခြေအနေသို့ရောက်အောင် ခေတ္တအုပ်ချုပ်ရတဲ့ အစိုးရ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အိမ်စောင့်အစိုးရလို့ ပြောရင်လည်း မှန်ပါတယ်။
တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေနဲ့အညီ အာဏာအရပ်ရပ်ကို ခေတ္တတာဝန်ယူဆောင်ရခြင်းဖြစ်တယ်ဆိုတဲ့ အကြောင်းကို အများပြည်သူနားလည်အောင် မည်မျှပင် အာပေါက်အောင် ပြောစေကာမူ ပြည်သူတွေကြားကို တိုးမပေါက်ပါဘူး။ အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ပါတီ ဦးဆောင်သူတွေနဲ့ ပြည်ဖျက်မီဒီယာအုပ်စုက အာဏာသိမ်းစစ်ကောင်စီလို့ ခေါင်းစဉ်တပ်ပြီး ရေပတ်မဝင်အောင် မှိုင်းတိုက်ခဲ့ကြပါတယ်။ သူတို့ ကျူးလွန်ခဲ့တဲ့ မဲလိမ်မဲခိုးမှုတွေကို ဝန်မခံဘဲ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရထံက အာဏာလုယူပါတယ်လို့ သောက်ရှက်မရှိ ပြောတဲ့ စကားတွေနဲ့ ပြည်သူတွေကို မှိုင်းတိုက်ခဲ့ကြခြင်း ဖြစ်ပါတယ်။ သူတို့ကို ထောက်ခံတဲ့ နီပိန်း ပြည်သူတွေဟာလည်း ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲသန်သူတွေ ဖြစ်တဲ့အတွက်ကြောင့် NLD ဦးဆောင်သူတွေနဲ့ ပြည်ဖျက်မီဒီယာတွေက လုပ်ကြံဖန်တီးလှုံ့ဆော်သမျှကို လက်ခံယုံကြည်ကြပါတယ်။ မိမိတို့ကို ဦးဆောင်နေတဲ့သူတွေ ဘယ်လောက်အထိ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့ကြသလဲ။ အာဏာအလွဲသုံးစားလုပ်ပြီး ဘယ်လောက်တောင် ကိုယ်ကျိုးရှာခဲ့ကြသလဲ မဆန်းစစ်ပါဘူး။ ဆင်ခြင်တုံတရားကင်းမဲ့သူတွေနဲ့ တိုင်းဖျက်ပြည်ဖျက် ဦးဆောင်သူတွေဟာ ဟန်ချက်ညီညီနဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေကို ယုတ်မာရိုင်းစိုင်းစွာ ကြူးလွန်လာခဲ့ကြပါတယ်။
ဒါတွေကို စကားပုလ္လင်ခံပြီး ပြောနေရခြင်းက NLD ဦးဆောင်သူတွေရဲ့ ပြည်ပသြဇာခံပြီး တိုင်းဖျက် ပြည်ဖျက် ဘာသာ သာသနာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာတွေကို သိရှိနားလည်ထားပြီးဖြစ်လို့ ပြည်ဖျက်မိစ္ဆာတွေကို လုံးဝအားပေး ထောက်ခံခြင်းမရှိဘဲ ပြတ်ပြတ်သားသား ဆန့်ကျင် ရပ်တည်ခဲ့ပါတယ်။ ပြည်ဖျက်လုပ်ငန်းစဉ်တွေ စတင်ဖော်ဆောင်လာပြီဆိုကတည်းက ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ကိုသာ အစဉ်သဖြင့် တိုက်တွန်းခဲ့ခြင်း ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူတွေရဲ့ ရွေးချယ်မှုအရ အစိုးရဟာ အပြောင်းအလဲ ဖြစ်နိုင်ခြေရှိသော်လည်း တိုင်းပြည်ရဲ့ ယန္တရားတွေဖြစ်တဲ့ ဝန်ကြီးဌာနတွေ၊ ဝန်ထမ်းတွေဟာ အပြောင်းအလဲ မရှိပါဘူး။ တာဝန်အရ သက်ဆိုင်ရာ ဝန်ထမ်းအားလုံးမှာ ကျင့်ဝတ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ မိမိတို့တာဝန်ထမ်းဆောင်ရာ ဌာနမှာ မိမိတို့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ တာဝန်ထမ်းဆောင်နေကြမယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး။
မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ အဓိကကျတဲ့ အထွေထွေအုပ်ချုပ်ရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာတွေက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာပဲ ရှိနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရလိုက်ရတဲ့ကာလ၊ NLD အစွန်းရောက်တွေက ဆူပူအကြမ်းဖက်မှုတွေ အလွန်အကြူး လုပ်ဆောင်လာတဲ့ အချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေဟာ ဝေဖန်ထောက်ပြစရာတွေ အများကြီးဖြစ်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအပေါ် အမုန်းတရားကို အခြေခံပြီး ပြောဆိုခြင်း မဟုတ်ပါဘူး။ ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ တာဝန်ထမ်းဆောင်နေကြသူတွေကို စော်ကားလိုခြင်း အလျဉ်းမရှိပါဘူး။ အမြဲတမ်း လေးစားဂုဏ်ပြုလျက်ပါ။
ကျွန်တော်တို့ သတင်းဌာနများနဲ့ နိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့ ဆက်သွယ်မေးမြန်းပြောဆိုနိုင်တဲ့ channel ထဲမှာ Bullet News Journal ရဲ့ ထုတ်ဝေသူ ဦးလှဆွေ က ဂန့်ဂေါမြို့နယ်ထဲမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သူနှစ်ဦး ပြည်ထဲရေးကို ငွေပေးပြီး လွတ်တော့မယ်ဆိုတဲ့ ကိစ္စ လုံးဝကန့်ကွက်ကြောင်း ၂၂-၁၂-၂၀၂၂ ရက်နေ့က အတော်ကို ပြင်းပြင်းထန် ဝင်ရောက်ပြောဆိုပြီး မေးမြန်းတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော့်ဆီကိုလည်း ဖုန်းဆက်ပြီး မဖြစ်သင့်တဲ့ အကြောင်း ပြောပါတယ်။ ကျွန်တော်တို့တွေက တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် NLD တွေအကြောင်းကို သိလို့ နီပိန်းတွေရဲ့ အမုန်းကိုခံပြီး နီပိန်းတွေနဲ့ ဆန့်ကျင်ဘက်အရပ်မှာ ရပ်တည်နေကြခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်တူရင် လက်တွဲပါတယ်။
ဦးလှဆွေ က အကြမ်းဖက်လှုပ်ရှားသူနှစ်ဦး လွှတ်ပေးတော့မယ်ဆိုတာကို သိလို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုခဲ့ပြီး နောက်တစ်နေ့ မှာ ဆိုင်းငံ့လိုက်တယ်လို့ ကြားသိရတဲ့ အတွက် အနည်းငယ် ဖြေသာသွားပါတယ်။ အဲဒါက အဖြေပါပဲ။ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာ ရှိတဲ့ အဖွဲ့အစည်းတွေဟာ နိုင်ငံတော်အကြီးအကဲတွေကို လိမ်ညာပြီး အကြမ်းဖက်သမားတွေနဲ့ အပေးအယူ လုပ်နေတယ်ဆိုတာ အဖြေပေါ်သွားခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲတွေမှာ ပုဂ္ဂိုလ်ရေးရှေ့တန်းတင်ပြီး မေးတာတွေကို ပြန်ကြားရေးအနေနဲ့ ဖြေဖို့ ခက်ခဲသလို အဖြေမပေးချင်တာကို သိတဲ့အတွက်ကြောင့် တစ်ဦးတစ်ယောက်အကျိုးအတွက် မေးရမယ့် မေးခွန်းတွေကို ရှောင်ခဲ့ပါတယ်။ သို့ပေသော် မင်းဘူးမြို့က ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်လို့ တင်ပြမေးမြန်းခဲ့ပါတယ်။ အဲဒါကတော့ ဦးဟန်ထွန်း CDM လှုံ့ဆော်ခြင်း မရှိပါဘဲနဲ့ ရဲအရာရှိက ဦးဟန်ထွန်းဖုန်းကို သိမ်းဆည်းပြီး CDM လှုံ့ဆော်မှုမြောက်တဲ့ စာသားကို ရဲအရာရှိ ကိုယ်တိုင်ရေးပြီး ဦးဟန်ထွန်း ကို သေမတတ် နှိပ်စက်ပြီး ၅၀၅-က ပုဒ်မနဲ့ ထောင်ထဲ ထည့်လိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အရဲစွန့်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။
ဦးဟန်ထွန်း ဆိုတာ တပ်မတော်သားဟောင်း တစ်ယောက်ပါ။ မင်းဘူးမြို့မှာ အမှုကိစ္စတွေနဲ့ ပတ်သက်လို့ အကူအညီ လိုအပ်သူ ရှိရင် ကူညီဆောင်ရွက်ပေးတယ်။ ရဲက မကြည်ဘူး။ အဲဒါကို အညှိုးထားပြီး တခြားအမှုကိစ္စနဲ့ ဦးဟန်ထွန်း နဲ့ သူငယ်ချင်းတစ်ဦးကို ဖမ်းတယ်။ ဖမ်းဆီးထားပြီး ဖုန်းကို လာသိမ်းတယ်။ ဖုန်းကို လာသိမ်းယူပြီးတဲ့အချိန်မှာ ဦးဟန်ထွန်း Share ထားတဲ့ The Irrawaddy သတင်းတစ်ပုဒ် အပေါ်မှာ CDM လှုံ့ဆော်တဲ့ စာကို ရေးပြီး ဦးဟန်ထွန်းကို ၅၀၅-က တပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဦးဟန်ထွန်း ရဲ့ အမျိုးသမီးကသာ သက်ဆိုင်ရာတွေကို မတင်ပြခဲ့ဘူး။ ကျွန်တော်တို့တွေဆီ မဆက်သွယ်ခဲ့ဘူး။ သူ့ခင်ပွန်း လွတ်မြောက်ဖို့ မလုပ်ဆောင်တတ်ဘူးဆိုရင် ဦးဟန်ထွန်း သေဆုံးသွားမှာ ဖြစ်ပါတယ်။ ဦးဟန်ထွန်း တပ်မတော်ဆေးရုံမှ တက်ရောက်ကုသခဲ့တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ အညှိုးကြီးလွန်းတဲ့ ရဲတွေရဲ့ ဝိုင်းဝန်းထိုးကြိတ် နှိပ်စက်မှုကြောင့် နံရိုးငါးချောင်း ကျိုးခဲ့ရပါတယ်။ တပ်မတော်သားဟောင်း တစ်ဦး (အပြစ်မဲ့ ပြည်သူတစ်ဦး)အပေါ် ရက်စက်ယုတ်မာ ရိုင်းစိုင်းမှု ဖြစ်ပါတယ်။ ဒီလို ပြည်သူတစ်ယောက်ကို ကိုယ်ခန္ဓာချို့ယွင်းအောင် လုပ်ကြံဖန်တီးပြီး နှိပ်စက်ကလူပြုခဲ့တာနဲ့ ပတ်သက်လို့ ကုစားပေးတာမျိုး မရှိပါဘူး။ အပြစ်မဲ့ ပြည်သူတစ်ဦးကို လုပ်ကြံဖန်တီးပြီး နှိပ်စက်ညှင်းပမ်းခဲ့သူကတော့ဖြင့် ရာထူးတက်သွားတယ်လို့ ဦးဟန်ထွန်းရဲ့ အမျိုးသမီး ဖုန်းဆက်ပြောလို့ သိလိုက်ရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော် မေးခွန်းမေးတဲ့အခါ ဒုဝန်ကြီးက ပြည်ထဲရေးဘက်က အရာရှိကို ဖြေခိုင်းပါတယ်။ အဲဒီလို အဖြေပေးတဲ့ အချိန်အထိ အပြစ်မဲ့ ပြည်သူတစ်ယောက်ကို လုပ်ကြံဖန်တီးပြီး ထောင်ထဲထည့်သူဘက်က ကာကွယ်ပြောဆိုနေပါသေးတယ်။ အရာရှိတစ်ယောက်က ကိုယ့်တပ်ဖွဲ့ဝင်ကို ကာကွယ်ရပ်တည်ပေးတာတော့ လေးစားပါတယ်။ ဥပဒေမဲ့ ကျင့်ဝတ်စည်းကမ်းကို မလေးစားတဲ့သူတွေကို အကာအကွယ်ပေးတာတော့ဖြင့် အဂတိမြောက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
အလားတူ ဖြစ်စဉ်မျိုး ပိုမိုဆိုးရွားတဲ့ သာဓက တစ်ခုကို ပြောပါအုံးမယ်။ အဲဒါကတော့ ကျွန်တော်ကိုယ်တိုင် သွားရောက်တွေ့ဆုံမေးမြန်းခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက ဒေါ်မို့မို့ဝင်းရဲ့ ခင်ပွန်း ဦးကျော်မျိုးသက်ကို လှည့်ဖျားခေါ်ဆောင်ပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ပါ။
နီပိန်းတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ကြောက်လို့ ကာပေါင်းကျကျေးရွာကနေ တန့်ဆည်မြို့ပေါ်ကို မိသားစုလိုက်တိမ်းရှောင်နေကြတယ်။ ရွာက နီပိန်းဘုန်းကြီး ဦးစန္ဒိမာက နီပိန်းတွေ ရမ်းကားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တပ်ကို သတင်းပေးမှာ ကြောက်တယ်။ ဦးကျော်မျိုးသက် ဆီ ဖုန်းဆက်ပြီးတော့ မင်းတို့ မိသားစုရွာပြန်နေကြ။ မင်းတို့ကိ ဘာမှ မလုပ်စေရဘူး။ ငါ တာဝန်ယူတယ်လို့ အယုံသွင်းပြီး ခေါ်တယ်။ ဦးကျော်မျိုးသက် က ဇနီး ဒေါ်မို့မို့ဝင်း နဲ့ အမွှာသမီးလေး ၂ယောက်ကို မြို့ပေါ်မှာ ထားခဲ့ပြီး ရွာကို အခြေအနေပြန်ကြည့်အုံးမယ်ဆိုပြီး ဦးစန္ဒိမာရဲ့ စကားကို ယုံကြည်ပြီး သွားခဲ့တာ ကျောင်းဝင်းထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ကျွန်တော်တို့လည်း ဗုဒ္ဓဘာသာတွေပါ။ ဦးစန္ဒိမာရဲ့ လုပ်ရပ်ဟာတော့ဖြင့် ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ များမကြာမီ ဦးစန္ဒိမာကို မိသွားပါတယ်။ သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဒုရဲအုပ်က ငွေယူပြီး လွှတ်ပေးလိုက်ပါတယ်။ ခင်ပွန်းဖြစ်သူ ရက်ရက်စက်စက် အသတ်ခံခဲ့ရတဲ့ ဒေါ်မို့မို့ဝင်းခမျာ ရင်ထုမနာဖြစ်ရတာပေါ့ဗျာ။
ဒီလိုမျိုး ပြည်သူတွေရဲ့ အသက်ကို အရင်းတည်ပြီး အကြမ်းဖက်ဝါဒီတွေနဲ့ ပေါင်းစားတဲ့ လုပ်ရပ်မျိုးတွေဟာတော့ဖြင့် တာဝန်ရှိသူတွေအနေနဲ့ ကျင့်ဝတ်စည်းကမ်းကို ဖောက်ဖျက်တဲ့ အဆင့်မဟုတ်တော့ဘဲ ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းတဲ့ အဆင့်ကို ကျော်လွန်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
NLD အစွန်းရောက် အကြမ်းဖက်အုပ်စုက လေကြီးမိုးကြီးတိုက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ အာဏာအလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာ အဂတိလိုက်စားလို့ အားလုံး ထောင်ထဲတန်းစီ ရောက်ကုန်ကြပြီ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ ပြည်သူတွေအနေနဲ့ ဘာကြောင့် အားမလိုအားမရ ပြစ်တင်ပြောဆိုကြလဲ ဆိုတာ အထက်ပါ ဖြစ်စဉ်ဖြစ်ရပ်မျိုးတွေ များမြောင်လှတာကြောင့်ပဲ ဖြစ်ပါတယ်။
တချို့သော နယ်မြေတွေမှာ အကြမ်းဖက်သမားတွေဆီက ဖမ်းဆီးရမိပစ္စည်းတွေနဲ့ ပတ်သက်လို့ ချက်ချင်းသတင်းမတင်ပါဘူး။ အားလုံး ညှိနှိုင်းပြီးမှ တင်ပြချင်တာလောက်ကိုပဲ တင်ပြတယ်။ တချို့ကို ဖျောက်ဖျက်ပစ်လိုက်ကြတယ်။ နိုင်ငံတော် အစိုးရဆိုတာ ပြည်သူကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းပါ။ နိုင်ငံတော်အစိုးရကို လိမ်တယ်ဆိုတာ ပြည်သူကို လိမ်တာပါပဲ။ ဝန်ထမ်းဆိုတာ ပြည်သူ့တာဝန်ထမ်းဆောင်ရမယ့်သူတွေပါ။ ပြည်သူကို အစဉ်အဆက် ဂုပ်သွေးစုပ်ခဲ့တဲ့ သူတွေဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာတော့ဖြင့် တောမီးလောင် တောကြောင်လက်ခမောင်းခတ် အစိုးရရဲ့ မျက်နှာသာပေးမှုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်သမားနဲ့ပေါင်း ဥပဒေဘောင်အတွင်းမှာ နေထိုင်ကြတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ကိုစတေးပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေကိုတော့ဖြင့် အော့နှလုံးနာလွန်းလို့ ဒီအကြောင်းကို ရေးသားတင်ပြခြင်းဖြစ်ပါတယ်။
တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာအရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူထားတဲ့ ကာလမှာ အာဏာလက်မဲ့ဖြစ်ပြီး ဆူပူအကြမ်းဖက်နေတာက NLD ပါတီဦးဆောင်သူတွေနဲ့ ဆင်ခြင်တုံတရားကင်းမဲ့လွန်းတဲ့ နီပိန်း အကြမ်းဖက်ဝါဒီတွေ ဖြစ်ပါတယ်။ နီပိန်း အကြမ်းဖက်ဝါဒီတွေအနေနဲ့ တပ်မတော်ကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်ပြီး နိုင်ငံရေးအကြမ်းဖက်မှုကြီးကို ဖန်တီးပါတယ်။ တပ်မတော် နဲ့ နီပိန်းတွေ ဖြစ်နေတဲ့ ပြဿနာကြားမှာ ဥပဒေဘောင်အတွင်း နေထိုင်တဲ့ ပြည်သူတွေက ဓားစာခံ နီပိန်းတွေ ရက်စက်ယုတ်မာရိုင်းစိုင်းသမျှကို လူးလှိမ့်ခံရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ နီပိန်း အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ပြည်သူတွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပါလို့ နိုင်ငံတော်အကြီးအကဲတွေကသာ အမြှုပ်ထွက်မတတ် ပြောနေတာပါ။ မြေပြင်မှာ ပြည်သူနဲ့ ထိတွေ့ဆက်ဆံနေတဲ့သူတွေက နီပိန်းအကြမ်းဖက်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ သတင်းပေးရင် မကြိုက်ပါဘူး။ နီပိန်း အကြမ်းဖက်သမားကို လက်တို့ပြီး တာဝန်သိ ပြည်သူကို ဒုက္ခပေးခဲ့တဲ့ ဖြစ်စဉ်တွေတောင် ရှိခဲ့ပါတယ်။
ကိုယ်ကျိုးသာ ကြည့်သူတွေဟာ အသက်နဲ့ ရင်းပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စီစိမ်ကို ကာကွယ်နေကြသူတွေရဲ့ မျက်နှာကိုမထောက်ထားပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်နှာကိုလည်း မထောက်ထားပါဘူး။ နေသာသလို နေပြီး အကြမ်းဖက်သမားတွေနဲ့ အပေးအယူ လုပ်နေကြတဲ့ အတွက် နီပိန်းအကြမ်းဖက်သမားတွေဟာလည်း လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်ရမှာကို မကြောက်ကြတော့ပါဘူး။ အဖမ်းခံရလည်း ငွေပေးလိုက်ရင် ပြီးတယ်ဆိုတာ သိနေကြလို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော် (ပြည်သူတွေ) အလိမ်ခံနေရပါတယ်။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အသံကိုလည်း အလေးထားပါ။ နားမျက်စိတွေကိုလည်း ဖွင့်ထားပါ။ ဥပဒေစိုးမိုးရေးကို ဖော်ဆောင်မယ်ဆိုရင် ဥပဒေလက်တစ်လုံးခြား လုပ်မှုအများဆုံးဟာ ဘယ်သူတွေလည်း ဆိုတာကို သိရှိထားမှသာလျှင် စနစ်တကျ ထိန်းကျောင်းနိုင်မှာ ဖြစ်ပါကြောင်း ။ ။
နောင်တော်လေး (ဘိုကေလး)
https://t.me/MyanmarNationalPost
No comments:
Post a Comment