စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တိုင်းဒေသ ကြီးအစိုးရအဖွဲ့သို့ ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

 


MNP - ဒီဇင်ဘာ  ၅


မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုအားလုံး ကျောသား/ ရင်သားမခွဲခြားဘဲ ပြည်သူလူထု၏ လိုအပ်ချက်မှန်သမျှကို အမြဲစဉ်းစားပေးပြီး အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်ပြီး ဒေသအတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဌာနဆိုင်ရာများဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုလို ဆောင်ရွက်နေရာတွင် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှု အများစုအနေဖြင့် ဆောင်ရွက်ခဲ့သလို ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများလည်း ရှိတာကို တွေ့ရှိရပါကြောင်း၊ ပြည်သူလူထုများ၊ အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ကူညီပံ့ပိုးပေးမှုများကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်လို့ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းများမှာ ဆေးဝါးလိုအပ်မှု အောက်ဆီဂျင်လိုအပ်မှု၊ ဆလင်ဒါအိုး လိုအပ်မှု၊ PPE လိုအပ်မှု၊ Mask အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လိုအပ်ချက် အခက်အခဲများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းကာ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့သည့်အတွက် တိုင်းဒေသကြီးအနေဖြင့် ထိခိုက်ဆုံးရှုံးမှု နည်းပါးခဲ့ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကိုယ်စား တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင့်ဝေက ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စား တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်က ကျန်းမာရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။


ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  အခမ်းအနားသို့တက် ရောက်လာသူ များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အောက်ဆီဂျင် ဆလင်ဒါအိုး၊ PPE ဝတ်စုံ၊ Mask၊ ခြင်ထောင်များ အပါအဝင် ကျန်းမာရေး သုံးပစ္စည်း ၂၂ မျိုး၊ စုစုပေါင်းကာလတန်ဖိုးငွေကျပ် ၁၂၄၉,၂၄,၀၀၀ (တစ်ထောင့်နှစ်ရာ လေးဆယ်ကိုးသိန်း နှစ်သောင်းလေးထောင်ကျပ်)အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)