MNP - ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ဖျောက်ဆိပ်ပင်ကျေးရွာ ရွာဦးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူလူထု နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးကြရာ ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းမှ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ် တို့အား ကျယ်ကျယ်ပြန်ပြန့် ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေသခံပြည်သူ များမှ လိုအပ်ချက်များ တင်ပြတောင်းခံရန် ဆွေးနွေးခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့မှ ဦးအောင်အောင်က ရွေးကောက်ပွဲ (PR) စနစ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးအောင်မင်းက နယ်မြေဒေသလုံခြုံရေး၊ တရားဥပ ဒေစိုးမိုးရေး မှုခင်းဆိုင်ရာကိစ္စရပ်များ၊ ဥပဒေအကြောင်းအရာများ ဆွေးနွေးဟောပြောကြပြီး ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုး ရေးတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း(၂) စီမံချက်ဖြင့် အိမ်ထောင်စုဇယာများ ပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်များ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ
https://t.me/MyanmarNationalPost
No comments:
Post a Comment