MNP - ဒီဇင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုး စေတီများတွင် ဒီဇင်ဘာအားလပ်ရက်၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်ကြသော ရဟန်းရှင်လူပြည်သူများအနေဖြင့် ယနေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးသူများဖြင့်စည်ကားလျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ဘုရားဖူးလာရောက်ကြသော အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့် အထင် ရှေးဟောင်းဘုရားပုထိုးစေတီများဖြစ်သော သျှစ်သောင်းပုထိုးတော်ကြီး ၊ ထုက္ကန်သိမ်ပုထိုးကြီး အတွင်းရှိ ဝတ်စားဆင်ယင်မှုနှင့်ဆံထုံးတော် ထုံးဖွဲ့ပုံအဆင့်ဆင့် ကျောက်ဆစ်လက်ရာများသွား ရောက် လေ့လာကြည့်ရှုခြင်း၊ ကိုးသောင်းပုထိုးတော်ကြီး ၊ မာရ်ငါးပါးဖြစ်သော ရတနာ့မာရ် အောင်၊ သက္ကျမာရ်၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်နှင့်မင်္ဂလာ့မာရ်အောင် ဘုရားစေတီများသို့ အငှား မော်တော်ယာဉ်များဖြင့် သွားရောက်ဖူးမျှော်ကြပြီး ဘုရားဖူးလာရောက်ကြသူများမှ ပန်း၊ ရေချမ်း အမွေးနံသာများ ထွန်းညှီပူဇော်ကြသည်။
ဆက်လက်၍ ရှေးဟောင်းသမိုင်းဝင်နေရာများ ဖြစ်သည့် လက်ဆည်ကန်၊ ဘုရားပေါ်ဘုရား၊ နန်းတော်ရာကုန်း နှင့် ရှေ့ဟောင်းသုတေသနပြတိုက် စသောနေရာများသို့ သွားရောက် ပြီး အလှ ဓါတ်ပုံများ ရိုက်ကူးခြင်း၊ အမှတ်တရလက်ဆောင်များ ဝယ်ယူကြ သူများဖြင့်စည်ကား လျက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment