MNP ၊ ဒီဇင်ဘာ ၂၄
ယနေ့ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော် ဦးဝါသဝ (ငါးရာငါးဆယ်ဆရာတော်က) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား သြဝါဒမိန့်ကြားရာ PDF အကြမ်းဖက်သမားများသည် KIA ၏ ခိုင်းစေမှုဖြင့် ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို တန်ဖိုးထားပြီး အမျိုးဘာသာ သာသနာကို စော်ကား ဖျက်ဆီးလာသော လုပ်ရပ်များအား ရဲဝံ့ပြတ်သားစွာ ကာကွယ်စောင့်ရှောက်ကြရန် မိန့်ကြားခဲ့ကြောင်း သိရသည်။
ဆရာတော်ဦးဝါသဝ က "မိမိတို့ ပြည်သူ့စစ်ဖွဲ့စည်းထားခြင်း၏ ရည်ရွယ်ချက်သည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် အကြမ်းဖက်လုပ်ရပ်များ ကြူးလွန်နေသည့် KIA, PDF အကြမ်းဖက်သမားများ၏ ရန်ပြုစော်ကားမှုများကို ကာကွယ် ဖို့ ဖြစ်တယ်။ မိမိတို့ ရပ်ရွာများအတွင်း PDF အကြမ်းဖက်သမားများ ဝင်မလာအောင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနဲ့ တရားလည်းသိ၊ ဓားလည်း ရှိ ဆိုသလို ရဲဝံ့ပြတ်သားဖို့ လိုတယ်။ PDF အကြမ်းဖက်သမားတွေဟာ သံဃာတော်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေကို ဘာလို့ ပစ်မှတ်ထား တိုက်ခိုက်နေသလဲ။ ဒါဟာ အမျိုး ဘာသာ သာသနာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာပဲ မဟုတ်ပါလား။ သူတို့ကို ကြိုးကိုင်နေတဲ့ KIA ရဲ့ စနက်ကြောင့် မိုက်ရူးရဲဆန်ဆန် လုပ်နေတဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသား တားဆီးမှ ဖြစ်မယ်။ ဖျက်ဆီးမယ့်သူ ရှိနေတဲ့အတွက် ကာကွယ်ရေး လုပ်နေကြရခြင်းဖြစ်တယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဟာ အမျိုး ဘာသာ သာသနာကို လက်တွေ့ကျကျ ခုခံကာကွယ်နေသူတွေ ဖြစ်တယ်။ မိမိတို့အပေါ် ကျရောက်လာတဲ့ တာဝန်ကို ခေါင်းရှောင်လို့လည်း မရဘူး။ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းထက် ကြီးကျယ်မြင့်မြတ်တဲ့ အလုပ် ဘာရှိအုံးမှာလဲ။ ရတနာ သုံးပါးကို ဦးထိပ်ထားပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက်တွေကို အမြစ်ပါမကျန်အောင် ချေမှုန်းသုတ်သင်ရမယ်ဆိုတာကို နှလုံးသွင်းထားပါ။" ဟု မိန့်ကြားသွားခဲ့သည်။
ဆရာတော်က သြဝါဒ မိန့်ကြားပြီးနောက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက မြန်မာ့တပ်မတော်နဲ့ အတူပူးပေါင်းလက်တွဲကာ အမျိုးဖျက် ဘာသာ သာသနာဖျက် အကြမ်းဖက် မိစ္ဆာလောက်ကောင် PDF များအား အမြစ်ပါမကျန် တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်အဖွဲ့ကြီးမှ သစ္စာအဓိဌာန်ပြုပါ၏၊ ဘာတိုက်ဖို့လဲ - PDF ကိုတိုက်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက် အစရှိသော ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment