နတ်မှော်ကျေးရွာ၊ ဆင်းရွှေကြာ(၂)မျိုးစေ့ထုတ်စိုက်ခင်း စိုက်နည်းစနစ်ကွင်းသရုပ်ပြခြင်းနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မှော်ကျေးရွာ၊ ဆင်းရွှေကြာ(၂)မျိုးစေ့ထုတ်စိုက်ခင်း စိုက်နည်းစနစ်ကွင်းသရုပ်ပြခြင်းနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းတက်ရောက်


MNP ၊ ဒီဇင်ဘာ   ၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု တောင်သူဦးမြင့်ထွန်း၊ ဦးအုံးသွင်တို့၏ လယ်မြေပေါ်တွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာစိုက်နည်း စနစ်ကွင်းသရုပ်ပြခြင်းနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်ကကျင်းပရာ  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးကျော်လွင်က စိုက်ပျိုးရေးကဏ္ဍအလိုက် ဆောင်ရွက်ထားရှိသည့် ဆောင်းသီးနှံနေကြာစိုက်ပျိုးမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအားတွေ့ဆုံပြီး လိုအပ်သည်များကိုပြောကြားခဲ့ကာ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့များထောက်ပံ့ပေးခဲ့သည်။ ထို့နောက် ဆောင်းသီးနှံနေကြာမျိုးစေ့ထုတ်စိုက်ခင်း စိုက်နည်းစနစ်ကွင်းသရုပ်ပြအခမ်းအနားတွင် ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ကို မျိုးစေ့ချစက်ကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇောလင်းထွန်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါနေကြာမျိုးစေ့စိုက်ခင်းကွင်းသရုပ်ပြစိုက်ဧကမှာ တောင်သူဦးမြင့်ထွန်း၏ ယာမြေ(၁၀.၈၂)ဧက၊ တောင်သူဦးအုံးသွင်၏ လယ်မြေ(၁၀.၂၀)ဧက စုစုပေါင်းစိုက်ခင်းဧက (၂၁.၀၂)ဧကအား နေကြာမျိုးစေ့ထုတ်စိုက်ခင်းအဖြင့် မျိုးစေ့ချစက်ကိရိယာဖြင့် စိုက်ပျိုးခဲ့ကြောင်း ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ နေကြာစိုက်ပျိုးလျာထားစိုက်ဧက(၃၁၀၀)လျာထားပြီး ယနေ့ထိ နေကြာစိုက်ပျိုးပြီးစီးမှုမှာ ကျေးရွာ(၃၃)ရွာ၊ တောင်သူ(၁၉၄)ဦးမှ ဧက(၆၇၇)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)