မြင်းမူမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများပုံ မှန်ဆောင်ရွက်ပေးလျက် ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြင်းမူမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများပုံ မှန်ဆောင်ရွက်ပေးလျက် ရှိ

 



MNP - ဒီဇင်ဘာ  ၇


ကိုဗစ် -၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ရာ သာဿနာ့နွယ်ဝင် ရဟန်းရှင်ပြည်သူများနှင့်ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရသည်။


မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်အကျုံးဝင်သူပေါင်း (၉၇၅၀၆) ဦးရှိကြောင်း၊ (၁၈) နှစ်အထက် ကာကွယ်ဆေးထိုးရန် လျှာထားသူပေါင်း (၈၅၈၀၆) ဦးရှိသည့် အနက် ဒီဇင်ဘာလ (၆) ရက်နေ့ထိ ပထမအကြိမ် ကာကွယ်ဆေး  1st Dose အနေဖြင့် (၆၅၆၁၅) ယောက်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး  2nd ထိုးနှံပြီးသူပေါင်း (၅၂၉၅၅) ဦးရှိပြီဖြစ်ကြောင်းနှင့် အပိုထပ်ဆောင်း ဆေးများကိုလည်း ထိုးနှံပေးလျက်ရှိကြောင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။


ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အများပြည်သူ ရုံးပိတ်ရက်မှအပ နေ့စဉ်နံနက် (၈) နာရီမှ နေ့လည် (၁၁) နာရီအထိ   မြို့နယ်ပြည်သူ့ အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံ တစ်နေရာတည်းတွင်သာ ထိုးနှံပေးလျက်ရှိရာ ဆေးထိုးနှံခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများက ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။


သတင်း - အောင်စိုးဖေ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)