Pages

Pages

သထုံမြို့နယ်၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဖွင့်ပွဲကျင်းပ



MNP  -  ဒီဇင်ဘာ    ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ (Working Group) မြို့နယ့်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သိမ်ကုန်းရပ်ကွက်ရှိ အထက(၂)သထုံကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာ၌ အန္တရာယ်ကင်းရှင်းရေး၊ ညွှန်ကြားချက်များနှင့်အညီစေ့စပ်သေချာစွာ ကောက်ယူနိုင်ကြရေးတို့ကို ဆွေးနွေးအမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ သထုံမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးတင်အောင်ဖြိုးက ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်း လုပ်ဆောင်ပုံ အဆင့်ဆင်းအား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းကို သထုံမြို့နယ်အတွင်းမှ ဌာနဆိုင်ရာဝန်ထမ်း များ၊ရပ်ကွက်/‌ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း သင်တန်းသားသင်တန်းသူ (၂၇၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး (၁)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment