Pages

Pages

(၃၈) ကြိမ်မြောက် စူဠဘွဲနှင်းသဘင်နှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု အောင်မောင်မယ်များအား ဆုချီးမြှင့်ပွဲ ကျင်းပ



MNP -  ဒီဇင်ဘာ ၂၇

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မြို့နယ် မြို့လယ်ဓမ္မာရုံသာသနာ့ဘိမ္မာန်တော်တွင် ယနေ့နံနက် ၈ နာရီအချိန်က (၃၈) ကြိမ်မြောက် စူဠဘွဲနှင်းသဘင်နှင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုအောင် မောင်မယ်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ရှေ့ဦးစွာ အခမ်းအနားတွင် နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဦးစန္ဒောဘာသမှ သြဝါဒစကားချီးမြှင့်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊  မြို့နယ်သာသနာရေးမှူး ဦးဇော်ဝင်းလတ်နှင့် မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်တို့က သာသနာရေးဆိုင်ရာ  များ လျှောက်ထားကြသည်။


ဆက်လက်၍ ဆုဆပ်ကက်လှူဒါန်းမှုနှင့် သက်ဆိုင်ရာများကို ဂေါပကအဖွဲ့ဝင် (၁) ဦးမှ ရှင်းလင်းတင်ပြပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ ဆပ်ကပ်သော သံဃာ့အဖွဲ့အစည်းအသိအမှတ်ပြု ကဒ်များအား ဆပ်ကက်ကာ ပါဠိပထမပြန် စာအောင်သံဃာတော်များနှင့် ယဉ်ကျေးမှုအောင်မောင်မယ်များအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ အသီးသီးဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။


အောင်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment