သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်း(၁၀၃၅)ဦးတို့၏ ပင်စင်လစာများ ပုံမှန်ဆက်လက်ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်း(၁၀၃၅)ဦးတို့၏ ပင်စင်လစာများ ပုံမှန်ဆက်လက်ထုတ်ပေး



MNP  - ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက်နေ့မှ စတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန် ထုတ်ပေးလျက်ရှိသည်။


သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား(၂၈၃)ဦး၊ နိုင်ငံရေး ပင်စင်စား(၁၄၄)ဦး၊ မြို့ပြ ပင်စင်စား(၆၀၀)ဦး၊ ဘဏ်ဝန်ထမ်း ပင်စင်စား(၈)ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ (၁၀၃၅)ဦးရှိရာ ယနေ့ ဒီဇင်ဘာလ၂၁ ရက်နေ့တွင် မြို့ပြပင်စင်(၂၃၁)ဦး၊ ကာကွယ်‌ရေးပင်စင် (၁၁၀)ဦး နိုင်ငံရေးပင်စင်(၄၇)ဦး၊ မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းပင်စင်(၃)ဦး ပေါင်းပင်စင်စား (၃၉၁)ဦး ထုတ်ပေးနိုင်ခဲ့ပြီး ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိနေပါကြောင်းနှင့် ပင်စင် လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလိုရက်နေ့အထိ နံနက်(၈) နာရီမှ စတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကို ထုတ်ပေးလျက်ရှိပြီး ကျန်ရှိသူများကို အစိုးရရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊မြို့နယ် မန်နေဂျာဒေါ်အေးအေးနိုင်ထံမှ သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)