MNP - ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ် ပေါက်တောမြို့၌ အထက(မြို့မ)ကျောင်းတွင်(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ နှင့် ဆောင်းပါးပြိုင်ပွဲများကိုယနေ့ နံနက် ၉ နာရီက ကျင်းကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲများ၌ စာစီစာကုံးပြိုင်ပွဲတွင် ကမ္ဘာတည်သရွေ့အဓွန့်ရှည်တည်တံ့ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် လွတ်လပ်ရေးအမွေထိန်းစို့လေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဆောင်းပါးပြိုင်ပွဲတွင် ကမ္ဘာတည်မည့်မြန်မာ ပြည်၏လွတ်လပ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/ကျောင်းသူ ၃၈ ဦးတို့ အသီးသီးဝင်ရောက် ယဉ်ပြိုင်ကြကြောင်း အထက(မြို့မ) ကျောင်းအုပ်ဆရာမကြီးထံမှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment