ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP -  ဒီဇင်ဘာ ၂၂

ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင် အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပသည်။


အစည်းအဝေးတွင် ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက ကော်မတီအနေဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။


ယင်းနောက် တက်ရောက်လာသည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဝင် များနှင့် ဧည့်သည်တော်များက မိမိတို့နယ်ပယ်အလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများကို အသီးသီးတင်ပြဆွေးနွေးတင်ပြကြရာ ကော့သောင်းခရိုင် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေး၍ နိဂုံးချုပ်ပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။


ကော့သောင်းခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအနေဖြင့် ခရိုင်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ရာသီဥတုပြောင်းလဲမှုနှင့် စွန့်ပစ် ပစ္စည်းစီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းများ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအမံများရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရေးအတွက် သတ်မှတ်ထားသော ပတ်ဝန်းကျင်အရည်အသွေး စံချိန်စံညွှန်းများအရ လိုက်နာအကောင်အထည်ဖော်မှုတို့အပေါ် ဘက်စုံစောင့်ကြပ်ကြည့်ရှုစစ်ဆး ကြပ်မတ်မှု လုပ်ငန်းများကို  အနာဂတ်မျိုးဆက်များအတွက် ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်ကျင်ဖြစ်ပေါ်လာရေး ဝိုင်းဝန်း ကျင့်သုံးလုပ်ဆောင်သွားကြရန် ကြပ်မတ်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရ သည်။


ကျော်စိုး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)