MNP - ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာတွင် ဒီဇင်ဘာလ ကျောင်းပိတ်ရက်များအတွင်း အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှု သင်တန်းကို ပရိယတ္တိတိုက်ကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် လိမ္မာယဥ်ကျေးပြီး ကျောင်းပိတ်ရက်ကာလများအတွင်း အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုကို သိရှိနားလည်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာ၂၂ရက်မှ ၂၅ရက်နေ့ထိ ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment