MNP - ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေး ပွဲကို ဒီဇင်ဘာ ၂၇ ရက်မွန်းလွဲ ၁ နာရီ က အထက (ခွဲ) နှင်းပုလဲကျောင်း ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် အထက (ခွဲ) နှင်းပုလဲကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် ကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရာ အထက (ခွဲ)နှင်းပုလဲမှ ကျောင်းသား၊ကျောင်းသူ (၆) ဦးတို့က လူငယ်ရေးရာ နှင့် ပတ်သက်သည့်အကြောင်းအရာများကို အသီးသီးဆွေး နွေးခဲ့ကြရာ တက်ရောက်လာကြ သောကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိရှိ လိုသည်များကို မေးမြန်ဆွေးနွေးခြင်း၊အကြံပြုပြောကြားခြင်း၊ပြန်လည် ဖြေကြားခြင်းတို့ကို စိတ်ဝင်တစ်စား ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရ သည်။
အဆိုပါဆွေးနွေးပွဲသို့ အထက(ခွဲ) နှင်းပုလဲကျောင်းမှ ကျောင်းအုပ်ဆရာ ကြီးနှင့် ဆရာ၊ဆရာမများ ၊ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment