MNP ၊ ဒီဇင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ လိတ္တူကျေးရွာအုပ်စု၊ အင်ကြာင်းစုကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့စည်းပြီးဖြစ်ရာ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ရွာသူရွာသားများအား ဆရာတော်ဦးဝါသဝနှင့်အဖွဲ့က သွားရောက်တွေ့ဆုံပြီး PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ၊ ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေရသည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အင်ကြာင်းစုကျေးရွာမှ ရွာသူရွာသားများအား ဆရာတော်က "မိမိရပ်ရွာဒေသ PDF အကြမ်းဖက်ဝင်လာရင် ခုခံကာကွယ်နိူင်ဖို့ PDF အကြမ်းဖက်သမားတွေ ယုတ်မာတာ ရက်စက်ယုတ်မာရိုင်းစိုင်းနေတဲ့အခြေနေ ဖြစ်နေတာက အဝေးကြီးမဟုတ်ဘူးလေ။ ကိုယ့်မြို့နယ်အတွင်းမှာရော မိမိတို့ အင်ကြင်းစုကျေးရွာမှာလည်း နှစ်ယောက်အသတ်ခံရတယ် မဟုတ်လား။ ဟိုနေရာမှာသတ်သွားပြန်ပီ။ ဘယ်ရွာတွေကိုတော့ PDF က မီးရှို့ပြန်ပီ။ တော်ကြာ ရဟန်းသံဃာတွေတော်တွေကိုသတ်ပြန်ပြီ။ ဆရာ/ဆရာမတွေကိုသတ်ပြန်ပြီ။ မိမိဒေသဖြစ်နေတာ။ ဒါတွေကို ရွာသူ/သားတွေ သိရှိအောင်နားလည်အောင်ရှင်းပြပြီး PDF အကြမ်းဖက် ဘေးဆိုးရန်အန္တရာယ်ကို ကာကွယ်နိူင်ရေး ပြည်သူ့စစ်ဖွဲ့စည်းပြီး ညီညီညွတ်ညွတ်နဲ့အနီအစိမ်မခွဲခြားပဲ မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းကာကွယ်ကြဖို့" မိန့်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆရာတော်က "ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း အခြေအနေမှန်ကို သိရှိအောင်ပေါ့လေ။ အခုလို ဒေသခံပြည်သူလူထုက တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်လာပြီဆိုရင် မကြာခင်မှာ PDF အကြမ်းဖက်တွေ ကျရှုံးတော့မယ့် အခြေအနေကိုလည်း ပြောပြရတယ်။ အဓိက KIA ဆီက လက်နက်၊ ကျည်ဆံရနေလို့သာ တပ်မတော်က တစ်ဖက်မှာ KIA ကို ချေမှုန်းသလိုပဲ ဒေသခံပြည်သူတွေက PDF အကြမ်းဖက်အန္တရာယ်ကို ခုခံကာကွယ်ထားမယ်ဆိုရင် PDF တွေ မကြာခင် ကျရှုံးရမှာ ဖြစ်တဲ့ အကြောင်း" ရွာသူရွာသားတွေကို ရှင်းလင်းမိန့်ကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။
No comments:
Post a Comment