ပဲလွန်ဖြူတင်ပို့ရောင်းချမှုမှ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၁၉သန်းကျော် ရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲလွန်ဖြူတင်ပို့ရောင်းချမှုမှ ဘဏ္ဍာနှစ် ဒုတိယနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၁၉သန်းကျော် ရရှိ


MNP ၊ ဒီဇင်ဘာ ၂၀

ယခုဘဏ္ဍာနှစ် ဧပြီ ၁ရက်မှ ဒီဇင်ဘာ ၉ ရက်နေ့အထိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ပဲလွန်းဖြူတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉သန်းကျော် ရရှိခဲ့ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ပဲလွန်းဖြူကို ပြည်တွင်းဈေးကွက်ထက် ပြည်ပဈေးကွက်ကို ပိုမိုအားထား စိုက်ပျိုးလျက်ရှိပြီး အိန္ဒိယ၊ တရုတ်၊ တောင်ကိုရီးယား အပြင် ဥရောပနိုင်ငံများအထိ တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲလွန်းဖြူမှာ အခြားနိုင်ငံများမှ ထွက်ရှိသည့် ပဲလွန်းဖြူနှင့် နှိုင်းယှဉ်ပါက ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှုနည်းသဖြင့် ဥရောပဈေးကွက် က အထူးကြိုက်နှစ်သက်မှုရှိနေပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)