တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

 


MNP - ဒီဇင်ဘာ   ၁၈


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက် ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့  မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ပြိုင်ပွဲကျင်းပ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ အားကစားသမားများမှ အားကစား သစ္စာအဓိဌာန်(၄)ချက် ရွတ်ဆိုခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက  အားကစားသမားများကို လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


ထိုဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနိုင်လင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဘောလုံးအားကစား ဝါသနာရှင်များတက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


အဆိုပါဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲတွင် အောင်ဇေယျရပ်ကွက်အသင်းနှင့်စုပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး၊ အုပ်စု(က)တွင် အောင်ဇေယျရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(ခ)၊ မြဝတီ ရပ်ကွက်၊ စုပေါင်းအသင်း၊ အုပ်စု(ခ)တွင်  အနော်ရထာရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက်၊ ဆရာစံ ရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်(က)အသင်းတို့ပါဝင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရ သည်။


သတင်း - တင်စိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)