MNP - ဒီဇင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို (၂၂)ရက်နေ့တွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ မပျက်မကွက် ပါဝင်ဆင်နွှဲကြရန်၊ ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်သည့်အတွက်ဌာနဆိုင်ရာရုံးများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ရုံးတွင်း/ပြင် သန့်ရှင်းရေးဆောင်ရွက်ထားကြရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များအလေးထားဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက် မြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ (Working Group) ၏ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများသက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment