MNP ၊ ဒီဇင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက် အ ထ က ကျောင်းရှေ့ အီးမြရိပ်လဖက်ရည်ဆိုင်မှ စပါးကြီးမြွေ တစ်ကောင်ကို ပေါက်တောမြို့နယ်မီးသတ်ဦးဌာန၏ ကူညီမူဖြင့် ယနေ့ နေ့လယ် ၂နာရီက ဖမ်းဆီးရမိသည်။
ယခုဖမ်းဆီးရမိသော စပါးကြီးမြွေ မှာ ၁၀ ကောင်မြောက်ဖမ်းဆီးရမိခြင်းဖြစ်ပြီး ယခင်စပါးကြီးများကိုလည်း ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဖမ်းဆီးပေးခဲ့ကြောင်း ယခုတွေ့ရှိသောစပါးကြီးမြွေကိုလည်း အီးမြရိပ်လဖက်ရည်ဆိုင်မှ အကူအညီတောင်း၍ မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ကူညီဖမ်းဆီးကြသည်။
အဆိုပါ စပါးမြွေ၏ အလျား ၈ ပေ ၆လက်မ လုံးပတ် ၁၀ လက်မ ခန့်ရှိပြီး ယင်းစပါးကြီးမြွေအား ဘေးလွတ်ရာဖြစ်သည့် နတ်တောပြင်တောအတွင်းသို့လွတ်ပေးကြောင်း ပေါက်တောမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment