ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

 


MNP - ဒီဇင်ဘာ ၄


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်း လူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က စတင်၍ ကြိုဆိုပါ၏ ဆိုင်းဘုတ်ရှေ့တွင် စုရပ်ပြု၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်‌နေပြည်သူ ၂၅၀ ခန့်တို့က ပိန္နဲကုန်းတံတားအထိ တပျော်တပါးပျော်ရွှင် စည်ကားသိုက်မြိုက်စွာ စုပေါင်း လမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှားကြံ့ခိုင်ရေး သွေးပူလေ့ကျင်းခန်းများပြုလုပ်ကြသည်။


ထို့နောက် မီတာ ၁၀၀ ကျား၊မ အပြေးပြိုင်ပွဲ၊ စကောရွက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြပြီး ဆုရအားကစားသမားများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာန၊ နည်းစနစ်မှူး ဒေါ်ချိုသဲနှင့်ဌာနဆိုင်ရာများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒီဇင်ဘာလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ပျော်ရွှင်စွာတတ်ရောက် ဆင်နွှဲ ကြသူများအား ကောက်ညှင်းပေါင်းများ ဝေငှပေးကြကြောင်း သိရသည်။


သတင်း - မျိုးဇော်သိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)