MNP ၊ ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကွင်းချောင်းကျေးရွာနှင့် နဂျပ်ကျေးရွာကြားတွင် ဒီဇင်ဘာ ၁၇ ရက် ည ၆ နာရီအချိန်၌ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် သားအမိ ၂ ဦး ထိ ခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၊ ကွင်းချောင်းကျေးရွာနေ ဒေါ်ခင်အုန်းမြင့် ၄၃ နှစ်နှင့် သားဖြစ်သူ မောင်နောင်နောင်လွင် ၁၁ နှစ်တို့သည် ည ၆ နာရီအချိန်တွင် ကွင်းချောင်းကျေးရွာနှင့် နဂျပ်ကျေးရွာကြား အင်ပင်စခန်းတွင် ထင်းခွေနေစဉ် သားဖြစ်သူမှ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် တိုက်မိုင်းကြိုးအား တိုက်မိခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေါ်ခင်အုန်းမြင့်နှင့် ၎င်း၏သားဖြစ်သူတို့မှာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးရုံသို့ ပိုဆောင်ခဲ့ရကြောင်း သိရသည်။
https://t.me/MyanmarNationalPost
(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

No comments:
Post a Comment