ကျောက်ဖြူမြို့၌ ပညာရေးဒီဂရီကောလိပ် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ ပညာရေးဒီဂရီကောလိပ် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားပြုလုပ်




MNP -  ဒီဇင်ဘာ  ၂၀

 ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ ပညာရေးဒီဂရီကောလိပ် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းတက်ရောက်လျက်ရှိသည့် သင်တန်း သား၊သင်တန်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက ပညာရေးဆို သည်မှာ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသည့် အရင်းအမြစ်ကြီးတစ်ခုဖြစ်ကြောင်း၊  နောင်တစ်ချိန်တွင် ဆရာ၊ဆရာမများဖြစ်လာမည့် ကျောင်းသား၊ကျောင်းသူများသည် အနာဂတ်ကလေး များ၏ လမ်းပြကြယ်များဖြစ်သဖြင့် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာ အရည်အသွေးပြည့်ဝရန် လိုအပ်ပါ ကြောင်း၊ ဆရာဆိုသည့် ထူးခြားလေးနက်သော ဂုဏ်ရည်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ် သိက္ခာများကို စိတ်ထဲတွင် စွဲမြဲမှတ်ယူပြီး ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူကာ အများ အကျိုးကိုဆောင်ရွက်နိုင်သော တပည့်များအတွက် စံပြဆရာများဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ 

ထို့နောက် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ဒုတိယ ကျောင်းအုပ်ကြီးက ပညာရေးဒီဂရီ ကောလိပ်ရှိ သင်ကြားရေးဌာန၊ စီမံရေးရာဌာနမှ ဆရာ၊ဆရာမများနှင့် အရာထမ်းများအား သင်တန်း သား၊ သင်တန်းသူများနှင့် မိတ်ဆက်ပေးခဲ့သည်။  ယင်းနောက် သင်တန်းတက်ရောက်နေသည့် ကျောင်း သား၊ကျောင်းသူများအထဲမှ သစ်လွင်မောင်နှင့် သစ်လွင်မယ်တို့အား စိစစ်ရွေးချယ်ပြီး တာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်များပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများမှ အခမ်းအနားတက်ရောက် လာကြသူများကို ဖျော်ဖြေရေး အစီအစဉ်ဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြသည်။ 

အဆိုပါ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်(ပထမနှစ်ဝက်)တက်ရောက်နေသည့် သင်တန်းသား၊သင်တန်းသူ (၁၉၄)ဦး၊ ပထမနှစ်(ဒုတိယနှစ်ဝက်)တက်ရောက်နေသည့် သင်တန်း သား၊ သင်တန်းသူ(၂၁၁)ဦးနှင့် ဒုတိယနှစ်(ပထမနှစ်ဝက်)တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူ(၉၃)ဦး၊ စုစုပေါင်း(၄၉၈) တို့ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရှိရသည်။ 

တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)