(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပ

 


MNP - ဒီဇင်ဘာ ၁၁


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျည်တောင်ကန် အားကစားကော်မတီမှ ကြီးမှူးကျင်းပသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အမျိုးသားဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၁) ရပ်ကွက် အားကစားကွင်း၌ ကျင်းပခဲ့သည်။


အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးအောင်ဇေယျာလင်း၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင် အသင်းသားများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ကျည်တောင်ကန် အားကစားကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲဝင်အသင်းသားများအား ဒိုင်တစ်ဦးမှ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများ ရှင်းလင်းပြောကြားကာ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူး သန်းနိုင်ကျော်မှ စပေးဘောလုံးကိုကန်တင်ခြင်းဖြင့် ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။


အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျည်တောင်ကန် အားကစားကော်မတီမှ ကြီးမှူးကျင်းပသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အမျိုးသားဘောလုံးအသင်း ၁၀ သင်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ယမန်နေ့ကွင်းဖွင့်ပွဲတွင် ကျည်တောင်ကန်(၁)နှင့်ဖြုတ်ခွဲကျေးရွာအုပ်စုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)