MNP - ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်ဝန်ကြီးချုပ် သည် သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် ပြန်လည်တင်လှူ ပူဇော်နိုင်ရေး ဌာပနာတော်များ ထည့်သွင်းပူဇော်ပွဲ အခမ်းအနား တက်ရောက်ခြင်းကိုယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်၊ မုတ္တမတောင်ရိုးတန်းတွင် တည်ထားတော်မူသော ရှေးဟောင်းဘုရား၌ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်သည်မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမတောင်ရိုးတန်းတွင် တည်ထားတော်မူသော ရှေးဟောင်းဘုရား (၁၆)ဌာန သမိုင်းဝင် စေတီတော်များအနက် သမိုင်းဝင် ကျိုက်ဖျဉ်ကူ စေတီတော်မြတ်ကြီး ဓမ္မာရုံတော်တွင် ကျင်းပသည့်စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော် ပြန်လည်တင်လှူပူဇော်ရေးအတွက် ဌာပနာတော်များ ထည့်သွင်းပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ စေတီတော်မြတ်ကြီးကို လက်ယာရစ်တစ်ပတ် လှည့်လည်ပူဇော်ပြီး၊ ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူကာ၊ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များက စိန်ဖူးတော်တွင် တင်လှူပူဇော်မည့် ရတနာများကို ဌာပနာတော်အတွင်း ထည့်သွင်းပူဇော်သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်သည်စေတီတော်ရင်ပြင်တော် တိုးချဲ့ဆောက်လုပ်မှု လုပ်ငန်း ပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment