အင်းစိန်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း



MNP - ဒီဇင်ဘာ ၅


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က  အင်းစိန်မြို့နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် လှူဒါန်းသည်။


လှူဒါန်းရာတွင်  အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်‌ခြေနီအသင်းခွဲနှင့် ပရဟိတ/ လူမှုရေးအသင်းအဖွဲ့များက သွေးလှူဒါန်းသည်။


သွေးလှူဒါန်းနေသည်များကို အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး သုခလှိုင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန့်ဇင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး သွေးအိတ်အရေအတွက် စုစုပေါင်း (၆၂)အိတ်ကိုလှူဒါန်းရာ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)၊ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂီမြင့်က လက်ခံရယူခဲ့ပြီး တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


သွေးလှူဒါန်းသူများအား  အင်းစိန်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်မူယာအုန်းက  Royal-D အားဖြည့်အချိုရည်များ ပေးအပ်ခဲ့ပြီး အလှူရှင်များက ကြက်ဥနှင့် ရေသန့်ဗူးများ လှူဒါန်း‌ကြောင်း သိရသည်။


သတင်း - ဇွဲထက်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)