MNP - ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှေးဟောင်းသမိုင်းဝင် ခိုမင်းဓာတ်စေတီတော်ကြီးတွင် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီ အချိန်က စုပေါင်း သန့်ရှင်းရေးကို ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး ထွန်းရွှေခိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဝေသာ လီရပ်ကွက် ၊ ဂေါက်ကွင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် ခိုမင်း ဓာတ်စေတီတော်ကြီးတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော် နိုင်ရေး အတွက် ရင်ပြင် အနီး အ နား ရှိ အမှိုက် သရိုက် များ ၊ မြက်ပင် ၊ ပေါင် ပင် များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊ တံမြက် စည်း လှဲခြင်း ၊ ဘုရား ပရဝဏ် အတွင်း / အပြင် များတွင် သန့်ရှင်း ရေးပြုလုပ်ခြင်း ၊ အမှိုက် များ အားရှင်း လင်း ခြင်းများကို စုပေါင်း ဆောင်ရွက် ခဲ့ကြ ကြောင်း သိရ သည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment