MNP - ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ပေါင်မြိုနယ် အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပညာရေးမှုးရုံးတို့ ပူးပေါင်းကာဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ် ပညာရေးမှူးဒေါ်စန်းစန်းအေးက အန္တရာယ်ကြုံလာပါက ရှေးဦးပြုစုနည်းသည်အဓိကအရေးပါသောကြောင့် ကျောင်းသား/သူတိုင်း တတ်သိသင့်သည့်အခြေခံလိုအပ်ချက်ဖြစ်ကြောင်းအမှာစကားပြောကြားသည်။
ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင် က ရှေးဦးပြုစုခြင်းသည် ယခုမှပင်မဟုတ်ဘဲ ရှေးယခင်ကတည်းကပင် ရှိနေခဲ့ခြင်းကြောင့်ထာဝရတည်မြဲအောင်ဆောင်ရွက်ကြဖို့လူငယ်တွေမှာတာဝန်ရှိကြောင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ပေါင်မြို့နယ်အတွင်းရှိအထက၊ အလက၊ အမကကျောင်းအပြင် ကိုယ်ပိုင် ကျောင်းနှင့် ဘက ကျောင်းများ၊ကျောင်းကျန်းမာရေးတာဝန်ခံများ ကရှေးဦးသူနာပြုစုခြင်းအား စိတ်ပါ၀င်စားစွာဖြင့် (၁၆၃)ဦးတို့တက်ရောက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်းမှ နည်းပြ ၅ ဦးတို့က ဒီဇင်ဘာလ ၂၇ရက်နေ့မှ စတင်ကာ (၃)ရက်ကြာ ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment